Friday, December 26, 2014

Root ဖောက်စရာမလိုဘဲ Huawei ဖုန်းတွေကို မြန်မာဖောင့်ထည့်နည်း


လိုအပ်သော file လေးကို MyanmarFontsTheme             ဒီမှာ           ဒေါင်းပါ

ပြီးလျှင် မိမိ ဖုန်းထဲက My File သို့ မဟုတ် File manager တစ်ခုခုထဲသို့ ဝင်ပါ
                                                 
                          ပုံမှာ မြင်ရတဲ့  HWThemes folder ထဲသို့  အပေါ်မှာ
                         ဒေါင်းထားတဲ့ ဖိုင်လေးကို Copy ကူး Paste ချပါ         

Thursday, December 25, 2014

မိမိမှာ ရှိတဲ့ RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင် နည်းတစ်ခု


Hacking နည်းလမ်းတစ်ခုဖြစ်တဲ့ အတွက် အရမ်းတော့ save မဖြစ်ပါဘူး။ CPU ကို over clock တင်သလိုပါပဲ ။ software လိုင်စင်တွေရဲ့ စကားတိုင်းပြောရရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စွန့်စားမှုသာဖြစ်ပါတယ် ။
My Computer ကို R-Click လုပ်ပြီး properties ကိုသွားပါတယ်။ ပေါ်လာတဲ့ system properties က Advanced ကို click ပါတယ်။ Performance က Settings ကို click ပါတယ်။

Performance Options မှ Advanced ကိုရွေးပြီး Programs နှစ်ခုကို check ပေး Virtual memory က Change ကို click ပါတယ် ။

RAM (memory) ကို ထပ်မစိုက်ပဲ တိုးချင်ရင်
အောက်ပါအတိုင်း Virtual memory ပေါ်လာပါမယ်။ Initial size နဲ့ Maximum size က တန်ဖိုးနှစ်ခုကို ရေးမှတ်ထားလိုက်ပါ ။ တစ်ခုခု အဆင်မပြေတာ ရှိခဲ့ ရင် Default လုပ်နိုင်အောင်ပါ။

Memory Performance ကိုပိုမိုမြန်ဆန်အောင် ပြုလုပ်ခြင်း။


မိမိအသုံးပြုနေတဲ့ ကွန်ပျုတာရဲ့ စွမ်းဆောင်နိုင်မှု (performance)ကို ပိုမိုကောင်းမွန်လာစေရန် memory မှာ သိမ်းဆည်းလုပ်ဆောင်နေတဲ့ Data တွေကို စနစ်တကျနေရာချထားပေးဖို့ လိုအပ်ပါတယ်.. တနည်းအားဖြင့်ပြော မယ်ဆိုရင်တော့ (memory defrag)လုပ်တာပေါ့.. :-)... ကဲ.. အောက်ပါအတိုင်းသာ လုပ်ကြည့်လိုက်ပါ။
(
) start menu မှ run ထဲမှာ regedit ဆိုပြီး ရိုက်လိုက်ပါ။
(
)registry editor window ပေါ်လာရင် - HKEY LOCALMACHINE\ SYSTEM\ Current Control Set\ Control\ Session Manager\ Memory Management ဆိုပြီး အဆင့်ဆင့်သွားလိုက်ပါ။
(
)Memory Management ကို Click လိုက်ပါ။ ညာဘက်မှာ Disable Paging Executive ဆိုတာကို ရှလိုက်ပါ။ တွေ့ရင် Double Click လုပ်ပြီး decimal value ကို 1 သို့ပြောင်းပေးလိုက်ပါ။
(
)နောက်ထပ် Large System Cache ကိုရှာပြီး double click လုပ်လိုက်ပါ။ ပြီးရင်း decimal value ကို 1 သို့ပြောင်းပေးလိုက်ပါ။
-
ဒါဆိုရင် window ကနေပြီ memory performance ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီး ဖြစ်သွားပါပြီ..
ကလိကြည့်လိုက်ကြပါ..။