Showing posts with label အမေးအဖြေများ. Show all posts
Showing posts with label အမေးအဖြေများ. Show all posts

Saturday, November 2, 2013

အင်္ဂလိပ်ဘာသာ...မေးမြန်းစရာ

Thank For Facebook Admin

From Facebook အင်္ဂလိပ်ဘာသာ လေ့လာစရာ
 

=================
Question(1)
---------------
အမေး ။ ။ “အင်္ဂလိပ်ဘာသာ လေ့လာစရာ”မှ ဦးလေးကြီးခင်ဗျား........။e-mail, e-banking, e-library, e-book..စသည့် “အီး”ပါသော အီးခေတ်၊
အီးကာလ ၊အီးအခါသမယ..မှ အီးဝေါဟာရ အတော်များများကို အကျွန်ုပ် လေ့လာခဲ့ဖူးပါသည်။(ကြွားတယ် မထင်စေလိုပါ)။သို့ပါသော်ငြားလည်း..e-quaintance ဆိုသော စကားလုံးကိုမူ ရွှေညဏ်တော်ဖြင့် ဆင်ခြင်ရန်ပင် မလွယ် ဖြစ်နေရပါသည်။နမူနာဝါကျဖြင့် ရှင်းလင်းစွာ သာဓကပြလျှက် အမြန်မနှေး အဖြေပေးပါ..ဦးလေးကြီး..ခင်ဗျား..။

အဖြေ ။ ။ “အင်္ဂလိပ်ဘာသာ..လေ့လာစရာ”မှ အကျွန်ုပ်သည်ကား အသက်(၃၀)ကျော် နုနုထွတ်ထွတ်အရွယ် လူငယ်တစ်ယောက်.....။ဦးလေးကြီးလို့ခေါ်တာ..စိတ်ချိုးတယ်။ဒါပေမယ့်..ဖြေပေးပါ့မယ်။နောက်ဆို...အစ်ကိုလေးလို့..ခေါ်နော်။

E-Quaintance ကို a person who you only 'know' through online networking:(အပြင်မှာ မတွေ့ဖူးဘဲ အွန်လိုင်းပေါ်မှာဘဲ သိကျွမ်းသူ)လို့ အဓိပါယ်ဖွင့်ဆိုထားပါတယ်။

"She's an e-quaintance, we chat alot online.
သူ့ကို အင်တာနက်ပေါ်မှာဘဲ သိကျွမ်းတာ...။အွန်လိုင်းမှာ တော်တော်လေး ချက်တင်ဝင်ဖြစ်တယ်။

Ma Khaing Myo is an e-quaintance ,I have no idea what she looks like - we've never actually met."
မခိုင်မျိုးကို အွန်လိုင်းပေါ်မှာဘဲ သိကျွမ်းတာ။သူဘယ်လိုပုံမှန်းတောင် မသိဘူး။သူနဲ့က အပြင်မှာ တကယ်မတွေ့ဖူးဘူးလေ။

Question(2)
----------------
အမေး။ ။မီးတို့ကို..မေးမြန်းတာ လောဘကြီးတယ်....မထင်ရဘူးနော်။(အဟွန့်)။မီးတို့က တစ်ခုတည်း အားမရဘူး။သုံးခုဆက်တိုက် မေးချင်တာ ... ။you're not alone , a bit much , drift apart ဆိုတဲ့ စကားသုံးခုကို ရှင်းပြပါလားဟင်။မီးတို့ကို..သိစေချင်တဲ့စေတနာ ရှိတယ်ဆိုရင်ပေါ့ ..။မျှော်နေမယ်...နော်..။

အဖြေ။ ။သြော်...ယောက်ျားရင့်မာကြီးတွေ မေးတာကိုတောင် ဖြေနေရတာ..။မီးကမေးရင်...မဖြေဘဲ ဘယ်နေမလဲလို့။(ကလေးတွေနဲ့ပေါင်းပြီး မကြီးမငယ် သူငယ်ပြန်ဦးမှ..ငွင်းငွင်း...။)
You are not alone ဆိုတာ “မင်းက အလုံးမဟုတ်ဘူး ” အဲယောင်လို့ “မင်းက တစ်ဦးတည်း မဟုတ်ဘူး” လို့ ဆိုလိုတာ မဟုတ်ပါဘူး။အဓိပါယ်အမှန်က “ မင်းမှ..မဟုတ်ပါဘူး..ကွာ။”..တဲ့..မီးရေ။

Well, you're not alone .Everybody knows MPT connection is bad.
ဒီမယ်...မင်းမှ မဟုတ်ဘူး။မြန်မာ့ဆက်သွယ်ရေး ဆိုးဝါးနေတာ လူတိုင်းသိတယ်။ :))

A bit much ကိုတော့..“နဲနဲများတယ်”လို့ ဘာသာမပြန်ရဘူးနော်..မီးလေး။“လွန်လွန်းတယ်”လို့..ပြန်ရမယ်..။

KMCT is using facebook all the time.I think it's a bit much.
ကိုချမ်းမြေ့သိန်းဟာ တစ်ချိန်လုံး ဖေ့ဘွတ်သုံးနေတာ။လွန်လွန်းတယ်လို့ ငါထင်တယ်။
(KCMT ..ဟာအတိုကောက်မဟုတ်ဘူးနော်..မီး။ယောက်ျားလေးနာမည်ဆိုတော့ အရှည်ရေးရမှာပျင်းလို့..ဟက်ဟက်...)

Drift apart ဆိုတာ အဆက်အအသွယ်ပြတ်တာကို ပြောတာ။

Zaw Thu Ya and his girlfriend are drifting apart.
ဇော်သူရ နဲ့ သူ့ကောင်မလေးတို့ အဆက်အသွယ်ပြတ်နေကြတယ်။
Facebook really keeps us from drifting apart from old friends.
ဖေ့ဘွတ်ဟာ..မိတ်ဆွေဟောင်းတွေနဲ့ အဆက်အသွယ်မပြတ်အောင် ကူညီပေးတယ်။

ကဲ....မီးလဲ...ဦးတို့နဲ့ Drifting apart မဖြစ်စေနဲ့နော်....။
.................................ခင်တဲ့..ဦးဦး..(ဘာမှမဆိုင်ဘူး)...:D:D:

အင်္ဂလိပ်ဘာသာ...မေးမြန်းစရာ

Thank For Facebook Admin
င်္From Facebook အင်္ဂလိပ်ဘာသာ လေ့လာစရာ


“အင်္ဂလိပ်ဘာသာ...မေးမြန်းစရာ”
==================

Question (1)
---------------
အမေး ။ ။“အင်္ဂလိပ်ဘာသာ..လေ့လာစရာ”မှ..ဦလေးကြီး..ရှင့်။ မီးငယ်က.. ဓနုဖြူကပါ။ ဦးကို..နှလုံးသားနဲ့ ပတ်သက်တာလေး..မေးပါရစေရှင့်။Heart of glass , Heart of stone , heart of gold ဆိုတာတွေကို မီးငယ်က.. ဖန်နဲ့လုပ်တဲ့ နှလုံးသား၊နှလုံးသားကျောက်ခဲ.. နဲ့ ရွှေချထားတဲ့ နှလုံးသား ဆိုပြီး..နားလည်မိပါတယ်။မီးငယ်..မှန်လား..ဟင်..။
ဦးရယ်..အမြန်.........အဖြေပေးပါ..နော်...။
............................................................မီးငယ်( ဓနုဖြူ)

အဖြေ။ ။မီးငယ်က...နှလုံးသားကိစ္စမေးမယ်ဆိုတော့..ရင်ထဲ ၀ုန်းကနဲ ထခုန်သွားတော့မလို့..တော်ပါသေး...။Heart of glass , Heart of stone , heart of gold ကိစ္စမို့လို့။ဦးက အမြန်အဖြေပေးချင်ပေးပေမယ့်.. ..လိုင်းအောက်နေလို့...နောက်ကျသွားတာ..နားလည်ပေးပါနော်။

“ဘယ်လိုဘယ်လို...”....Heart of glass ဟာ ဖန်နဲ့ လုပ်ထားတဲ့ နှလုံးသား. .ဟုတ်စ..။ကြံကြံဖန်ဖန် ..မီးငယ်ရယ်။ပလပ်စတစ်နဲ့ လုပ်ထားတာပါ။ (အဲ..ယောင်ကုန်ပြီ။) အဲဒီလို..ဘာသာမပြန်ရဘူး..မီးငယ်ရဲ့။ “စိတ်ထိခိုက်လွယ်တာ”လို့ ဆိုလိုတာ။

Mee Nge failed in English,but don't let her know right now. She has a heart of glass.
မီးငယ်..အင်္ဂလိပ်စာ ကျတယ်။ချက်ချင်းကြီး သွားမပြောနဲ့..။ သူက..စိတ်ထိခိုက်လွယ်တယ်။

မီးငယ်ရယ်...လုပ်ရက်လိုက်တာ..။နှလုံးသားနုနုလေးကို ကျောက်ခဲဖြစ်အောင်..ပြောရက်တယ်။နှလုံးသားကျောက်ခဲ..တဲ့..။ဟီ..ဟိ။Heart of stone ဆိုတာ..နှလုံးသားကျောက်ခဲ မဟုတ်ရပါဘူးကွယ်။အေးတိအေးစက်နဲ့ ဆက်ဆံရေးကျဲတာကို ခေါ်တာပါ။

Mee Nge caught my attention although she has a heart of stone.
မီးငယ်က အေးတိအေးစက်နဲ့ ဆက်ဆံရေးကျဲပေမယ့် ငါကတော့... သဘောကျတယ်။ (:D)

မီးငယ်က ရွှေဈေးကျလို့များ နှလုံးသားကို ရွှေချချင်တာလားကွယ်။တစ်ကယ်တော့.. heart of gold ဆိုတာ စိတ်ရင်းကောင်းတာကို ပြောတာပါ။ .ရွှေချတာနဲ့ ဘာမှချိုင်ဝူး။

Mee Nge has a heart of gold and she is always willing to help the poor.
မီးငယ်က..တအားစိတ်ရင်းကောင်းတယ်။ဆင်းရဲနွမ်းပါးတဲ့သူတွေကို အမြဲကူညီချင်နေတာ။

Question(2)
-------------
အမေး။ ။အင်္ဂလိပ်ဘာသာ လေ့လာစရာမှ မောင်လေးရေ...။breastfeeding လား...breast-feedingလားဆိုတာ မမခိုင် အမြဲမျယ်စိလည်တယ်။ Hyphen(-) ခံတာမှန်သလား၊ hyphen မပါတာက မှန်လား.....နောက်ပြီး..စကားနှစ်လုံးပါတဲ့ ပေါင်းစပ်နာမ၀ိသေသန (two-word compound adjective) လား..ရှင်းပြပါဦး။မမခိုင်.. သိချင်လို့ပါ..။ ..ဖြေပေးပါဦးနော်..။
............................................................မမခိုင်(တောင်တွင်းကြီး)

အဖြေ။ ။သြော်..မမခိုင်ရယ်။ Hyphen ပါတာ..မပါတာကိုများ... .ပြဿနာ ဖြစ်နေရတယ်လို့..။အံ့သြစရာ..ပဲနော်။ဒါပေမယ့်.“မောင်လေး”လို့ ခေါ်ထားတော့လည်း ဖြေပေးရဦးမှာပေါ့လေ။Breast-feeding ဆိုပြီး hyphen ခံရေးတာက ၁၉၈၉-ခုနှစ် Oxford English Dictionary (2nd edition)မှာ ဖော်ပြခဲ့တာ..နောက်ဆုံးဘဲ မမခိုင်။အခုနောက်ပိုင်းမှာ Hyphen ဖြုတ်ပြီး Breastfeeding ဆိုတာဘဲ သုံးကြတော့တယ်။ပေါင်းစပ်နာမ၀ိသေသနမဟုတ်ပါဘူး။One-word adjective လို့ဘဲ မှတ်ထားစေချင်တယ်။
နောက်ပြီး..Breastfeeding ဟာ နာမ၀ိသေသန တစ်မျိုးတည်း မဟုတ်ပါဘူး။..breastfeed,breastfed,breastfed ကြိယာရဲ့ V-ing ပုံစံလည်း ဖြစ်ပါတယ်။ဥပမာ..ပေးရရင်..Ma Ma Khine is breastfeeding her baby...“မမခိုင်ဟာ..သူ့ကလေးကိုနို့ချို တိုက်ကျွေးနေပါတယ်” ဆိုတဲ့..ပုံစံမျိုးပေါ့..။
ဒါနဲ့ .စကားမစပ်.....
Breastfeeding အကြောင်း မေးနေတာ..ဆိုတော့.....မမခိုင်က..နို့တိုက်မိခင်တစ်ယောက်လား.....ဟင်။:D

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(၃)ရက်မျှကြာသော်...မမခိုင်ဆီမှ အင်္ဂလိပ်ဘာသာလေ့လာစရာသို့ အီးမေးတစ်ဆောင် ရောက်လာပါ၏။အီမေးတွင် ဖော်ပြထားသည်ကား..“တေနာဂျလေး..လူညား...နို့တိုက်မိခင်လားဒဲ့။အကျိုစစ်စစ်ဟဲ့..တိရက်လား...နောက်..ဘယ်တေဒါ့မှ..မေးဒေါ့ဝူး”..ဟူသတတ်။ ။

အင်္ဂလိပ်စာ..အသံထွက် အမေးအဖြေများ

Thank For facebook Admin
From Facebook အင်္ဂလိပ်ဘာသာ လေ့လာစရာ


“အင်္ဂလိပ်စာ..အသံထွက် အမေးအဖြေများ(၇)”
========================

မေးခွန်း(၁၅)
--------------
အမေး။ ။Word stress နဲ့ Sentence stress ဆိုတာ ဘာကိုပြောတာလဲ ..ဆရာ။

အဖြေ။ ။Word stress ဆိုတာ စကားလုံးတစ်လုံးမှာ ရှိတဲ့ ဖိရွတ်သံ ကို ခေါ်တာပါ။ဥပမာ.artist ဆိုတဲ့ စကားလုံးမှာ ပထမ၀ဏ္ဏသံ (Syllable) .ဖြစ်တဲ့ ..ar (အား) အသံကို မြှင့်ပြီး ဖိရွတ်သံနဲ့ ဆိုရပါတယ်။ .ARTist.. ဆိုတဲ့အသံမျိုး ဖြစ်သွားပါတယ်။နောက်ပြီး forget ဆိုတဲ့ စကားလုံးမှာ ဒုတိယ ၀ဏ္ဏသံ GET ကို အသံမြှင့်ဆိုတော့ forGET ဆိုပြီး အသံထွက်ရ တာပေါ့။ဒီလို ..စကားလုံးတွေမှာရှိတဲ့ ဖိရွတ်သံကို Word Stress လို့ ခေါ် တာပါ။

Sentence Stress ကျတော့..၀ါကျတစ်ခုလုံးကို ခြုံပြီး..... အရေးကြီးတဲ့ စကားလုံးတွေကိုပဲ ရွေးပြီး ဖိရွတ်သံနဲ့ဆိုတာကို ခေါ်တာပါ။Stress-time တို့ Content word တို့ရဲ့ သဘောတရားအတိုင်းပါပဲ။ဝါကျရဲ့ အဓိပ္ပါယ်ကို အဓိက ဖော်ဆောင်တဲ့ စကားလုံး(Content word)တွေကို အချိန်အဓိက .ပေးပြီး ဖိရွတ်ဆို(Stress-timed)ရတဲ့ သဘောပါပဲ။ဒီလို ရွတ်ဆိုတာကိုပဲ မှန်ကန်တဲ့ စည်းချက်(Rhythm)လို့ ပြောရမှာ ဖြစ်ပါတယ်။ဥပမာ..Where did you go?ဆိုတဲ့ဝါကျမှာ where နဲ့ go ကပဲ အဓိက content words တွေ ပါ။သူတို့ကို Stress လုပ်ပြီး ဒီဝါကျကို ဖတ်ရမှာပါ။ဒီတော့ did you ကိုတော့. .“ဒဂျူ” လောက်နဲ့ ခပ်ပေါ့ပေါ့ ဆိုသွားရပါမယ်။ဒီလို ၀ါကျတစ်ခုရဲ့ အရေးကြီး တဲ့ စကားလုံးတွေကို ဖိရွတ်ဆိုတာကိုပဲ Sentence Stress လို့..ခေါ်တာပါ။ ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။ပိုရှင်းသွားအောင် ..အောက်က Video Link မှာ နားထောင်ကြည့်ပါ..လို့ တိုက်တွန်းချင်ပါတယ်။

မေးခွန်း(၁၆)
--------------
အမေး။ ။Intonation (လေယူလေသိမ်း၊အသံအတက်အကျ)အကြောင်း နဲနဲလောက် ရှင်းပြပါဦး..ဆရာ။

အဖြေ။ ။Intonation (လေယူလေသိမ်း၊အသံအတက်အကျ)ဆိုတာ.... အင်္ဂလိပ်စကားကို ပါးစပ်ကနေ ရွတ်ဖတ်၊ပြောဆိုကြတဲ့အခါ.. အသံအနိမ့်၊ အမြင့်၊အတက်၊ အကျမှန်ကန်စွာ ပြောဆိခြင်းကို ခေါ်တာပါ။ အသံအတက် အကျပုံစံ (Intonation patterns) (၅)မျိုးရှိပါတယ်။ အဲဒါတွေကတော့...

(၁)တစ်ချို့ဝါကျ .တွေက အဆုံးမှာ အသံတက်သွားတာရှိတယ်။ Rising Intonation လို့ ခေါ်ပြီး [
] နဲ့ သင်္ကေတ ပြုကြတယ်။
(၂)တစ်ချို့က ကျသွားတာ ရှိတယ်။Falling Intonation လို့ ခေါ်ပြီး [
]နဲ့ သင်္ကေတပြုတယ်။
(၃)တစ်ချို့က တက်ပြီးကျတာရှိတယ်။Peaking ဒါမှမဟုတ် Rise-fall Intonation လို့ ခေါ်ပြီး [
↗↘]နဲ့ အမှတ်အသားပြုပါတယ်။
(၄)တစ်ချို့က ကျပြီးတက်တာရှိတယ်။Dipping ဒါမှမဟုတ် Fall-rise Intonation လို့ခေါ်ပြီး [
↘↗]နဲ့ ဖော်ပြလေ့ရှိပါတယ်။
(၅)တစ်ချို့က အတက်အကျ မရှိဘူး။(Neither rise nor fall)

အခြေခံအချက်လေးတွေကို ပြောပြရရင်..
(၁) Yes/No နဲ့ ဖြေရတဲ့ မေးခွန်းတွေ (Am.Is.Are.Was.Were.Do. Did. Does .Has.Have.Will.Would.Can .Could...စတာတွေနဲ့ စတဲ့မေးခွန်း .တွေ)ကို အတက်သံနဲ့ မေးရပါတယ်။ဥပမာ..
Is that in Africa?မှာ Africa ကို တက်သံ [
]နဲ့ ဆိုရပါမယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၂) Wh-, How တို့နဲ့ စတဲ့မေးခွန်းတွေကိုတော့..Falling Intonation ကျသံနဲ့ မေးရတာပါ။ဥပမာ ..Where were you born? ဘယ်မှာ မွေးလဲလို့ မေးရင် born ကို ကျသံ [
] နဲ့ မေးရပါတယ်။
And what do you do?ဘာအလုပ် လုပ်ပါသလဲ။မှာလဲ do ကို ကျသံနဲ့ ဆိုရမှာ ဖြစ်ပါတယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၃)သေချာအောင် ပြန်မေးတဲ့ မေးခွန်း(Check Question)တွေမှာလဲ တက်သံနဲ့ ပြန်မေးရပါတယ်။။ဥပမာ..လူတစ်ယောက်က I'm a boxer. ကျွန်တော်က လက်ဝှေ့သမားပါ..လို့ ပြောရင် You're boxer? ရှင် လက်ဝှေ့ သမားလား...လို့ ပြန်မေးတဲ့အခါ boxer ကို တက်သံနဲ့ ပြန်မေးရပါတယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၄) ပြောပြီးသားစကားလုံးတစ်ခုကို ပြန်ညွှန်းပြောချင်တဲ့အခါ တက်သံ နဲ့ ပြောရပါတယ်။ဥပမာ ..တစ်ယောက်က Let's go tomorrow.မနက် သွားကြရအောင်။..လို့ပြောလို့..ကိုယ်က It's closed tomorrow.မနက် ပိတ်တယ်လေ..လို့ ပြန်ပြောရာမှာ ပထမလူပြောတဲ့ မနက်ကိုပဲ ညွှန်းတာမို့ Tomorrow ကိုတက်သံနဲ့ ပြောရပါတယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၅) ရိုးရိုးဝါကျတစ်ကြောင်းကို ပြောဆိုရင် အဆုံးမှာ အသံချရပါတယ်။ ဥပမာ..We'll begin at four o' clock.ဟာ ရိုးရိုးဖော်ပြချက်ဝါကျ ဖြစ်လို့ clock မှာ အသံချ [
] ပြောရပါတယ်။
(၆) အမိန့်ပေးစေခိုင်း ၀ါကျတွေကိုတော့ အသံအတက်အကျ မရှိပါ။
ဥပမာ..Let's go. Listen up! Go away! Come here! ..စသဖြင့်ပေါ့။
(၇) ပစ္စည်း၊အကြောင်းအရာစာရင်းတွေကို ပြောတဲ့အခါ..ရှေ့က ပစ္စည်း/ အကြောင်းအရာတွေကို တက်သံ..နောက်ဆုံးပစ္စည်း/အကြောင်းအရာ ကိုတော့...ကျသံနဲ့.[
↗↘].ပြောရပါတယ်..။ဥပမာ..I can meet you on Monday,Tuesday ,or Friday.ဒီဝါကျမှာ..Monday,Tuesday တို့ကို တက်သံ..Friday ကိုတော့..ကျသံနဲ့ ပြောရမှာပါ။
(၈) Tag question တွေ( ,didn't you? ,aren't we? , will you? ..စသည်) တို့ကိုတော့..တက်သံ၊ကျသံ နှစ်မျိုး ရှိပါတယ်။
(a) တက်သံနှင့် မေးရင် အကြောင်းအရာ သိချင်လို့ မေးတာ။
့We're still going there, aren't we? ဒီမှာ aren't we? ကို တက်သံနဲ့ .မေးရင်.. သွားမှာလား၊မသွားဘူလား. သိချင်တာလောက် ပဲမေးတာ..။ တစ်ဖက်လူက Yes/No ပဲ..ဖြေပါလိမ့်မယ်။
(b) ကျသံနဲ့မေးရင်တော့ တစ်ဖက်လူရဲ့သဘောတူညီချက်ကို တောင်းတာ။ Leading Question သဘောမျိုးပေါ့။ဥပမာ..အထက်က ၀ါကျကိုပဲ့We're still going there, aren't we? ဒီမှာ aren't we?ကို တက်သံနဲ့မေးရင်.. သွားမှာ မဟုတ်လားကွာ..ဆိုတဲ့အဓိပ္ပါယ်နဲ့ သူတို့ရဲ့ “သွားမယ်”ဆိုတဲ့ သဘောတူညီချက်ကိုလိုချင်တာ။ ဒီတော့..အေး..သွားမှာပေါ့ Yes,we are လို့ ဖြေမှာပေါ့။ဒီအဖြေလိုချင်လို့ Tag question ကို အသံချမေးထားတာပါ။
ကဲ...ရှည်သွားပြီ။နောက်မှ လိုတာလေးတွေ ထပ်ဖြည့်ပြောတော့မယ်။

“အင်တာဗျူး..အမေးအဖြေများ..(၆)”



Thank For Facebook Admin

“အင်တာဗျူး..အမေးအဖြေများ..(၆)”
===================
(Contd from previous post)

(၁၀) အလုပ်အကိုင်
-----------------------
အလုပ်လာလျှောက်မှန်းသိရက်နဲ့ ဘာအလုပ်လုပ်လဲလို့ မေးတတ်ပါသေး တယ်။ အလုပ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေကတော့............
What do you do for a living?
ခင်ဗျား အသက်မွေးဝမ်းကျောင်းအလုပ် ဘာလုပ်လဲ။
What do you do?
ခင်ဗျား ဘာအလုပ်လုပ်လဲ။
What is your occupation/job/profession/trade ,please?
ကျေးဇူးပြုပြီး ခင်ဗျားအလုပ်က ဘာလဲ။
May I know your profession/job/occupation/vocation/career?
ခင်ဗျား ဘာအလုပ်လုပ်သလဲ သိပါရစေ။

အဖြေကတော့....
I have no job at the moment.I'm just a student.
ကျွန်တော် အခု အလုပ်မရှိသေးဘူး။ကျောင်းသားပဲ ရှိသေးတာပါ။

(၁၁) ၀ါသနာ
----------------
ဝါသနာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကတော့...
Do you mind if I ask your hobby?
ခင်ဗျားရဲ့ ၀ါသနာကို မေးလို့ရမလား။
What's your hobby?
What are your hobbies?
Do you have any hobbies?
ခင်ဗျား ဘာ..၀ါသနာ(တွေ)...ပါလဲ။
What do you do for relaxation?
What do you do for fun?
ခင်ဗျား နားနားနေနေ အပန်းဖြေတဲ့သဘောမျိုး ဘာလုပ်တတ်လဲ။
What do you do in your spare/free/leisure time?
ခင်ဗျား အားလပ်ချိန်မှာ ဘာလုပ်တတ်လဲ။

အဖြေကို တော့..........
(1) My hobby is.............
(2) I like + to+V1(or) Ving .....
(3) I usually V1..........ကြိုက်တာနဲ့ ဖြေနိုင်ပါတယ်။
ဥပမာ.....ဂေါက်ရိုက်တာ ၀ါသနာပါရင်...
My hobby is playing golf.
I like to play golf.
I like playing golf.
I usually play golf.
တစ်ကယ်လေးလေးနက်နက် ၀ါသနာကိုပြောချင်ရင် like ရှေ့မှာ really ကိုထည့်ပါ။နည်းနည်းပါးပါးပဲ ၀ါသနာပါရင် kind of ခံပြောပါ။
I really like playing golf.ဂေါက်သီးရိုက်တာ အရမ်းဝါသနာပါတယ်။
I kind of like playing golf.ဂေါက်ရိုက်တာ နဲနဲ ၀ါသနာပါတယ်။
ထူးထူးထွေထွေ ၀ါသနာပါတာမရှိရင်တော့....
I like hanging out with my friends and stuff like that.
လို့ဖြေလိုက်ပါ။အဓိပ္ပါယ်ကတော့“ကျွန်တော့်ဝါသနာကတော့.သူငယ်ချင်း.. .တွေနဲ့ စုပြီး အချိန်ဖြုန်းတာတို့..ဘာတို့...ပေါ့ဗျာ။”
တစ်ခါတစ်လေ ၀ါသနာမေးရင်းနဲ့ ဘာလုပ်တတ်သလဲ ဆက်ပြီး မေး တတ်ပါသေးတယ်။
Can you swim/ knit / play any musical instrument/drive a car?
ခင်ဗျား ----ရေကူး/ချည်ထိုး/ဂီတတူရိယာတစ်ခုခုတီးခတ်/ကားမောင်း----တတ်လား။
Yes,I can swim/knit/etc.ဟုတ်ကဲ့..ကျွန်တော်......တတ်ပါတယ်။
No,I can't swim/knit/etc.ကျွန်တော်...မ....တတ်ဘူး။
တစ်ကယ်လို့ နဲနဲပါးပါးလုပ်တတ်ရင် a little bit.ကိုသုံးပါ။ကောင်းကောင်း တတ်ရင်တော့ very well ကိုသုံးပါ။
I can play the guitar a little bit/very well.
ကျွန်တော် ဂီတာကို(နည်းနည်းပါးပါး/ကောင်းကောင်း) တီးတတ်ပါတယ်။

(၁၂)ရည်မှန်းချက်
---------------------
ဘ၀ရည်မှန်းချက်ကို မေးနိုင်တဲ့ မေးခွန်းတွေကတော့...
May I know your ambition?
ခင်ဗျားရဲ့ ရည်မှန်းချက်ကို သိပါရစေ။
If you don't mind,I'd like to know your ambition?
ခင်ဗျားစိတ်မရှိဘူးဆိုရင် ခင်ဗျားရည်မှန်းချက်လေး သိပါရစေ။
What do you want to be in your life?
ခင်ဗျား ဘ၀မှာ ဘာဖြစ်ချင်ဆုံးလဲ။

အဖြေကတော...
My ambition is to be a doctor.
ကျွန်တော့်ရည်မှန်းချက်ကတော့ ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်။
To be a businessman/businesswoman.
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်ဖို့ ရည်မှန်းထားပါတယ်။

“တစ်လုံးတည်းသော..စကားအတိုလေးများ”
=======================