Saturday, April 30, 2016

iTuneဒါမှမဟုတ် iCloudအသုံးပြုပီး backup ဘယ်လိုလုပ်မလဲ

iTuneဒါမှမဟုတ် iCloudအသုံးပြုပီး backup ဘယ်လိုလုပ်မလဲ??
တကယ်လို့ ကိုယ့်ဖုန်းမှာရှိတဲ့ အချက်အလက်တွေကို backup လုပ်ထားရင် ကိုယ်ရဲ့ သတင်းအချက်အလက်တွေကိုမိတ္တူ ပွါးပီးသားဖြစ်နေပါလိမ့်မယ်၊
ဒါကတစ်ချိန်ချိန် ဖုန်းပျောက်လို့ဖြစ်စေအစားထိုးခံရလို့ဖြစ်စေပျက်စီးသွားလို့ဖြစ်စေ
backup ကနေတစ်ဆင့် နောက်ဆုံးအသုံးပြုခဲ့တဲ့ ဖုန်းကနေအသစ်ကိုကိုယ်ရဲ့ သတင်းအချက်အလက်တွေ ပြန်လည်လွှဲပြောင်းအသုံးပြုနိုင်ပါလိမ့်မယ်၊
Backup လုပ်နည်းကိုရွေးချယ်ခြင်း
icloudနဲ့ itune backup လုပ်နည်းနှစ်မျိုးရှိပါတယ် တစ်မျိုးနဲ့တစ်မျိုး backup လုပ်တဲ့အခါ လုပ်တဲ့ data တွေကွဲပြားပါတယ်
ဘယ် backup လုပ်နည်းကကိုယ့်အတွက်သင့်တော်လဲလေ့လာရမှာဖြစ်သလိုကိုယ်တိုင် ဆုံးဖြတ်ရပါမယ်၊
စိတ်ချရအောင် နှစ်ခုစလုံးမှာလဲ backup လုပ်ထားပေးလို့ရပါတယ်၊
iCloud နှင့် backup လုပ်ခြင်း
1. iCloud နှင့် backup လုပ်ဖို့ရာ phone ကိုwifi network ဖြင့်ချိတ်ဆက်ပေးပါ
2. iOS 8 နှင့်နောက်ပိုင်းဆိုရင် Settings >iCloud> Backup ကိုရွေးပေးပါ
iOS 7 နှင့်အရှေ့ပိုင်းဆိုရင် Settings >iCloud> Storage & Backup ကိုရွေးပေးပါ
3.iCloud Backup ခုလုပ်လေးပွင့်နေပါစေ (အစိမ်းရောင်ပြနေပါစေ)
4. Back Up Nowကိုထိပေးပါ ပီးဆုံးသည်အထိwifiကိုချိတ်ထားပေးပါ
5. backupအောင်မြင်စွာပီးဆုံးကြောင်းစစ်ဆေးဖို့ရာ Settings >iCloud> Storage > Manage Storage မှာကိုယ်နောက်ဆုံးလုပ်ခဲ့တဲ့ အရွယ်အစားနေ့စွဲနဲ့ပြသနေပါလိမ့်မယ်၊
iCloud Backup ကိုအပေါ်ကအတိုင်းဖွင့်ပီးသွားခဲ့ရင် သူ့အလိုလိုနေ့စဉ် backup လုပ်ပါလိမ့်မယ်၊
iCloud က နေ့စဉ် phone ကိုအောက်ပါအခြေအနေတွေမှာမှ backup လုပ်ဆောင်မှာဖြစ်ပါတယ်၊
-ဖုန်းကအားသွင်းကြိုးချိတ် အားသွင်းထားစဉ်မှပါ
-ဖုန်းကwifi network ကိုချိတ်ဆက်ထားစဉ်မှပါ
-ဖုန်းရဲ့ screen lock ဖြစ်နေမှပါ

No comments:

Post a Comment