iOS 9 ကိုဘယ်လိုတင်မလဲ..
iOSတင်တယ်ဆိုတာဘာပါလဲ?
Apple ကနေဖုန်းမှာပါရှိတဲ့ ဖုန်းအလုပ်လုပ်တဲ့ စနစ်ကို ပြုပြင်ဖာထေးအဆင့်မြှင့် စတာတွေလုပ်ပေးဖို့ရာလိုအပ်သောဖိုင်များထုတ်ပေးပါတယ်၊ အဲဒီဖိုင်များကိုမိမိဖုန်းမှာ ပြန်ထည့်ခြင်းကိုခေါ်ပါတယ်၊
iOSတင်ပီးဘယ်လိုနေမလဲနေ့စဉ် သုံးနေကြအတိုင်းသုံးလို့ရပါ့မလား
ပုံတွေ စာရွက်စာတမ်းတွေ ပျောက်သွားမှာလား??
မတင်ခင် မိမိမှာရှိပီးသားပုံတွေ စာရွက်စာတမ်းတွေမပျောက်ပျက်ဖို့ရာ
အိုင်ကျူး အသုံးပြုပီးသိမ်းထားပေးလို့ရပါတယ် ပီးအိုင်ကျူးနဲ့ဘဲအဆင့်မြှင့်ပီးသိမ်းထားတာလေးတွေ သူနဲ့ဘဲ ပြန်သွင်းနိုင်လို့ ဘာမှ အပျောက်အရှမရှိမတင်ခင်ကလိုအတိုင်းဘဲတင်ပီးရင် ဆက်သုံးသွားနိုင်တာမျိုးပါ၊
*******************************************
တခါတရံအိုင်ကျုး အမှားကြောင့် သိမ်းထားတာ ပြန်ထည့်မရတာမျိုးလဲ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်နိုင်လို့ အိုင်ကျူးနဲ့ သိမ်းတာအပြင် မိမိဘာသာကွန်ပြူတာထဲကိုလဲအခြားနည်းလမ်းများသုံးပီး (third party file manager တွေဖြစ်တဲ့ iToolsifunboxsynciosimazingစတာတွေ အသုံးပြုပီး) ဖုန်းထဲကပုံတွေ စာရွက်စာတမ်း contact စတာတွေ နောက်ထပ် ကွန်ပြူတာထဲထပ်မံသိမ်းဆည်းနိုင်ရင် ပိုစိတ်ချရပါတယ်)
**************************************************
တင်နည်း
မည်သည့် iOSကိုမဆိုတင်နည်း နှစ်မျိုးဘဲရှိပါတယ်..
*******************************************************************
ပထမနည်း..
OTA လို့ခေါ်တဲ့ over the air နည်းကဖုန်းပေါ်ကနေတိုက်ရိုက်ဒေါင်းပီးတင်ရတာမျိုးပါ
wifiချိတ်ထားဖို့လိုမှာဖြစ်ပီးကွန်နက်ရှင်ပေါ်မူတည်လို့ နာရီဝက်ကနေတစ်နာရီ နှစ်နာရီအထိအချိန်ယူပါလိမ့်မယ်..OTA တင်တာလဲအရမ်းလွယ်ကူပါတယ်
Settings >> General >> Software update ကနေတင်ရမယ့် OS update ကို Download and install ရွေးပေးရုံပါဘဲ..
(OTA တင်နည်းကနေနောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ battery မခံတာစတဲ့ ပုံမှန်မဟုတ်တဲ့ error တွေကြုံလာခဲ့ရင်လဲ( ဖြစ်ပွါးနိုင်ခြေ ၁၀၀၀၀ မှာတစ်ယောက်ကြုံရတာမျိုးပါ) ဖြစ်နိုင်ရင်တော့ အောက်ပါ ဒုတိယနည်းအတိုင်းသူ့မူရင်း firmware fiileတစ်ခုလုံးကိုဒေါင်းယူပီးiTuneနဲ့တင်ပေးလို့လဲရပါတယ်
****************************************************************
ဒုတိယနည်း..
( ဂျေးထားရင်တော့
-ထုံးစံအတိုင်းiOS 9 firmware file ဒေါင်းပီးituneနဲ့တင်ပေးရပါမယ်
- Cydiaimpactorဆိုတဲ့တွိလေးနဲ့ ဂျေးပြန်ဖြုတ်နိုင်လို့ သူနဲ့ ဂျေးပြန်ဖြုတ်ပီးမှ
iOS9 ပြန်တင်လဲရပါပီ)
iOS 9 firmware file ကိုဒေါင်းလုပ်ရပါမယ်၊ (cd ဆိုင်တွေကနေလဲဝယ်ယူနိုင်မှာပါ)
ios 9 firmware download ဆိုပီးgoogleလိုက်ရင်လဲဒေါင်းရမည့်လင့်တွေကျလာပါလိမ့်မယ်..
googleနည်းမသိသေးရင် အောက်ပါလင့်လေး ကြည့်ကြည့်ပေးပါ
http://lmgtfy.com/?q=ios+8.3+download
ကျလာတဲ့ လင့်ထဲကစိတ်ချရတဲ့လင့်တစ်ခုကိုအောက်ပါလင့်အနေနဲ့တွေ့ပါလိမ့်မယ်
ဝင်ရောက်ပီးသက်ဆိုင်ရာ firmware ကိုကွန်ပြူတာသို့ဒေါင်းယူပါ..
http://osxdaily.com/2015/04/08/ios-9-update-download-ipsw/
ဒေါင်းလို့ရလာတဲ့ firmware file ကိုမိမိရဲ့ Desktop ပေါ် copy ကူးထားရပါမယ်၊
Firmware တွေမမှားပါစေနဲ့ မိမိIdeviceနဲ့ကိုက်ညီရပါမယ်၊
(Firmware file က .ipswနဲ့ အဆုံးသတ်ပါတယ်)
-ITunes နောက်ဆုံး version တင်ထားပီးအင်တာနက်ချိတ်ထားပေးဖို့လိုပါမယ်၊
ဖုန်းထဲကdataတွေ backup လုပ်ပေးရပါမယ်၊နောက်ပိုင်တစ်ခုခုဖြစ်ခဲ့ရင် မိမိရဲ့dataတွေပြန်ရဖို့ရာပါ၊
(Itune, iCloudတို့နဲ့ backup လုပ်ယူနိုင်ပါတယ်၊
Backup ဆိုတာကမိမိ iPhone iPadတို့မှာရှိတဲ့ document, data, apps ဓါတ်ပုံစတာတွေကို iPhone ပြင်ပအခြားနေရာမှာသိမ်းယူခြင်းကိုဆိုလိုတာပါ၊ iTunes တို့ iCloudတို့ဖြင့် Sync လုပ်ခြင်းဟာ Backup လုပ်ခြင်းပါဘဲ
Backup လုပ်နည်းအဖွဲ့ရဲ့ pinned post မှာရှိပါတယ်)
-ဖုန်းကိုအားအပြည့်သွင်းထားရပါမယ်၊
-ဖုန်းကိုdfu mode ထဲဝင်ရပါမယ်၊
Dfu mode ဝင်ဖို့ရာအောက်ပါလင့်ကနေလေ့လာပေးပါ၊
http://www.iphonehacks.com/put-iphone-in-dfu-mode
http://www.igeeksblog.com/how-to-put-iphone-into-dfu-mode/
( usbနဲ့ ဖုန်းကိုချိတ်ထား
မချိတ်ထားလဲdfu mode ဝင်ပီးမှချိတ်လဲရပါတယ်၊
powerနဲ့ home button တူတူဖိထားပေးပါ ဖုန်းကသူ့အလိုလိုပိတ်သွားပါလိမ့်မယ်၊
ပိတ်သွားပီးတစက္ကန့် နှစ်စက္ကန့်လောက်နေရင် power button ကိုလွှတ်ပေးရပါမယ် home တော့ဆက်ဖိထားပေးပါ၊ iTunes က ideviceကို restore လုပ်ဖို့ရာသတိပေးတဲ့ box တက်လာပီဖုန်းစကရင်ကလဲပိတ်ထားတဲ့အတိုင်းမဲနေပီဆိုdfu mode ကိုရောက်နေပါပီ)
powerနဲ့ home button ဖိတာအချိန်အဆလေးဘဲလိုပါတယ် တခါမရရင် သုံးလေးခါကြိုးစားဝင်ပါ ရသွားပါလိမ့်မယ်၊
Dfu mode က ဖုန်းပိတ်ထားသလိုဘဲဘာမှမလင်းပါ)
Ituneဖွင့် ဖုန်းချိတ် keyboard က shift key ကိုဖိထားရင်းနဲ့မှ restore ဆိုတဲ့ button ပေါ် click ပေးပါ
File ရွေးရမယ့် box ပေါ်လာရင် စောစောပိုင်းက desktop ပေါ်ကူးထားတဲ့ firmware file ကိုရွေးပေးပါ
ကော်ဖီသောက်ရင်းထိုင်စောင့်ပါ (မကြိုက်လဲလဘ္ဘက်ရည်တို့ဘာတို့ပေါ့) ☕☕☕
ပြန်တက်လာခဲ့ရင် setup as new phone လုပ်မလား restore from backup လုပ်မလားမေးပါတယ် မတင်ခင်ကအတိုင်းပြန်သုံးချင်ရင် restore from backup ကိုရွေးပေးပါ
အသစ် အစကနေ ပြန်သုံးချင်ရင် setup as new phone ရွေးပေးပါ
Set up as new phone ရွေးထားလဲအိုင်ကျူးနဲ့ ဘက်ကပ်လုပ်ခဲ့ရင် အချိန်မရွေး ၎င်း backup ကိုပြန်ရဖို့ restore backup ကိုရွေးပေးရင်ရမှာပါ
(Restore အဓိပ္ပါယ်ကမူလအတိုင်းပြန်ထားသည်ပါ
Backup ဆိုတာကထပ်မံသိမ်းဆည်းထားသည်ပါ)
-ရပါပီ
No comments:
Post a Comment