Saturday, April 30, 2016

Apple ID တစ်ခုဖွင့်ဖို့ရာဘာတွေလိုအပ်မလဲ ?



Apple ID ဖွင့်ဖို့ အခုထိမေးနေကြအခက်အခဲဖြစ်နေကြပါသေးတယ်
သိပီးသူများရပီးသူများအတွက်ပြသနာမရှိပေမည့် မသိသေးသူများအတွက် ရုတ်တရက် ဖွင့်ဖို့ရာကတကယ်တန်းကြီးမားတဲ့ အခက်အခဲတစ်ခုပါဘဲ၊

အများစုကအင်္ဂလိပ်လိုပါမသိတော့ ဆိုင်သမားတွေ ဖွင့်တတ်တဲ့ ကူညီသူတွေကိုအားကိုးဖွင့်ခိုင်းကြပါတယ်၊
ကျွန်တော့အမြင်မှာတော့ Apple ID က လူတစ်ဦးခြင်းသီးသီးသန့်သန့်သုံးဖို့ရာအတွက် ဖြစ်လို့
ကိုယ်တိုင်နားလည်အောင်ဘဲလေ့လာပီးဖွင့်သင့်တယ်လို့မြင်ပါတယ်
ဖွင့်နည်းသိဖို့ရာအခြေခံလေးတွေသိဖို့လိုပါမယ် မဟုတ်ရင် ဖွင့်လိုက်ကွာဒါတွေဒါတွေဖြည့်လိုက် ရပီးသုံးကွာဆိုဘာမှမသိဘဲ ဖြည့်လိုက်ရသလိုဖြစ်ပါမယ်၊

ဒီအတွက် ဖြည့်နည်းကိုရှင်းပြမှာမဟုတ်ဘဲဘာတွေမေးတယ်နဲ့ သူနဲ့ပါတ်သက်တာလေးတွေဆွေးနွေးသွားပါမယ်

Apple ID ကဘာပါလဲ ?
အများသိပီးသား Apple ID က iDeviceတွေမှာ
apps တွေသုံးဖို့ Apple store ကနေရယူဖို့ရာ/ဝယ်ယူဖို့ရာအတွက် အခမဲ့ဖွင့်နိုင်တဲ့ ID တစ်ခုပါ (တနည်းအားဖြင့် မိမိနဲ့ Apple store ကြားမရှိမဖြစ် ဆက်သွယ်ပေးတဲ့ ကြားခံအရာတစ်ခုပါဘဲ ) (မှတ်ပုံတင် တစ်ခုရထားလက်မှတ် လေယာဉ်လက်မှတ်တစ်ခုအနေနဲ့လဲသဘောတရားတူပါတယ်)

Apple ID ဘယ်နှစ်ခုဖွင့်နိုင်သလဲ ?
မိမိမှာemailရှိရင်ရှိသလောက် ဖွင့်လို့ရပါတယ်၊

ဘာကြောင့် Apple က Apple ID ကိုအသုံးပြုပါသလဲ apps တွေ ဒီအတိုင်းထည့်ခွင့်ပေးလိုက်ရင် ပိုအဆင်မပြေဘူးလား ??

Android OS မှာတော့ apps ကိုထည့်ရာမှာဘာ id မှမလိုဘဲထည့်လို့ရတာတွေရှိပါတယ်
ဒါပေမယ့် အဲလိုထည့်လို့ရရင် ထည့်တဲ့ apps တွေမှာမလိုလားအပ်တဲ့ software code (ဖုန်းကိုအနှောက်အယှက်ဖြစ်စေနိုင်တဲ့ code ) အဆိုးတွေပါဝင်လာတတ်ပါတယ်
ဒီအတွက် Apple store စစ်ဆေးပီးသားကို store ကနေတစ်ဆင့်ရ ယူခြင်းကပိုအန္တရာယ်ကင်းစေပါတယ်၊
နောက် မိမိ Apple ID နဲ့ဝင်ရောက်အသုံးပြုလို့ မိမိဝယ်ယူခဲ့တာတွေကို Apple store ကမှတ်သားပေးထားပီးနောင်တစ်ချိန် ဖုန်းမှာရှိတဲ့ apps မှားဖျက်မိလဲစာရင်းတစ်ခုရှိနေလို့ ပြန်ယူနိုင်ပါလိမ့်မယ်၊ ဝယ်ယူထားတဲ့ apps များမိမိစိတ်ကြိုက်မဖြစ်ပါကလဲ Apple store ကိုပြန်ဆက်သွယ်ပီးအကူအညီတောင်းဆိုနိုင်ပါသေးတယ်
တကယ်လို့ ဝယ်ယူထားတဲ့ apps မှာ ကြီးကြီးမားမားချို့ယွင်းချက်ရှိနေရင်လဲဝယ်ယူပီးငွေပြန်အမ်းပေးတယ်လို့လဲကြားဖူးပါတယ်၊

Apple ID တစ်ခုဖွင့်ထားပီးရင် ဘာတွေသုံးနိုင်သေးလဲ??

မိမိdataတွေကို Apple server တွေမှာသိမ်းထားပေးမည့် iCloud service ကိုရယူသုံးစွဲနိုင်ပါတယ်
ဖုန်းတွေပျောက်ရင် ကူညီရှာပေးမည့် find my iphoneစတဲ့ မိမိအတွက် အသုံးဝင်မည့် တွေကိုအခမဲ့မဟုတ်တောင် အကန့်အသတ်ဖြင့်သုံးခွင့်ရှိပါလိမ့်မယ်နောက်ပေါ်လာတဲ့ ဈေးဝယ်ရာမှာသုံးတဲ့ ပိုက်ဆံအိပ်မလိုတော့မယ် စတာတွေလဲသုံးနိုင်ပါလိမ့်မယ်၊
Apple ID ရှိထားခြင်းအတွက် အသုံးပြုနိုင်မှုကအကန့်အသတ်မရှိသေးပါဘူးသူတို့စိတ်ကူးရှိရင်ရှိသလောက် စီမံနိုင်သလောက် service တွေကိုဖွင့်လှစ်ပေးနေပါတယ်

Apple ID ဘယ်လောက် လုံခြုံစိတ်ချရပီလဲ ?
ကမ္ဘာပေါ်မှာရှိတဲ့ အခြားos platform တွေပေါ်အသုံးပြုတဲ့ id တွေထက်စာရင် သူတို့ကိုယ်သူတို့ အလုံခြုံဆုံးပါလို့Apple က ကြေငြာထားပါတယ်
တကယ်တန်းလဲ Apple ကဒီအတွက်အစဉ်တစ်စိုက် အချိန်ပြည့်ပြင်ဆင်နေလေ့ရှိပါတယ်၊

Apple ID ဖွင့်စဉ်မှာလဲလုံခြုံရေး ပြည့်ဝဖို့ရာမိမိကဖြည့်သွင်းရတဲ့ လုံခြုံရေးဆိုင်ရာမိမိသတင်းအချက်အလက်တွေမှာ
အခြားသူများအလွယ်တကူခန့်မှန်းလို့ မရတာမျိုးတွေထည့်ပေးဖို့ရာအထူးသဖြင့်လိုအပ်ပါတယ်၊

ဥပမာ ဖြည့်သွင်းစဉ် မိမိပိုင်ဆိုင်တဲ့ ခွေးလေးရဲ့ နာမည်ဖြည့်ပေးရမယ်ဆိုပါဆို့
ကျွန်တော်တို့ ဘုံသုံးနေကျ နာမည်တွေဖြစ်တဲ့ အောင်နက်တို့ ဘိုကျားတို့ဖြည့်လိုက်ရင်
ကိုယ့် Apple ID ကိုခိုးယူသုံးစွဲသူအတွက် အလွယ်တကူလမ်းဖွင့်ပေးရာကြနေပါလိမ့်မယ်၊
မသိအောင် ခက်ခဲတာပေးလိုက်တယ်ထားနောက်ပိုင်းကိုယ်လဲမမှတ်မိတာဖြစ်တတ်လို့
နောင်တစ်ချိန် ကိုယ်လိုအပ်လာရင်လဲသိဖို့ရာတစ်နေရာရာမှတ်သားခြင်းဒါမှမဟုတ် ကိုယ်အလွယ်သိနိုင်တာမျိုးလေးဆိုပိုကောင်းပါတယ်
ဥပမာနာမည်ကတော့ အောင်နက် ဟုတ်ပါပီဒါပေမည့် သူ့ကို မြို့တစ်နေရာကသယ်လာရတယ်ဆိုပါစို့ နာမည်နဲ့ မြို့တစ်ခုပေါင်းစပ်ပေးရင် ထွက်လာမည့် နာမည်မျိုးဆို
ခိုးယူသုံးစွဲလိုသူအတွက်အခက်အခဲဖြစ်စေပါလိမ့်မယ်၊

Apple ID ဖွင့်ဖို့ရာ bank card လိုပါသလား ?
bank card ရှိထားရင် ကောင်းပေမယ့် မိမိ bank card မထည့်လိုရင် id ဖွင့်တဲ့အခါ Apple store ကနေ free apps ဒေါင်းယူတဲ့ ပုံစံကနေ Payment methotမှာ None ကိုရွေးချယ်ပီးဖွင့်လို့ရပါတယ် တကယ်လို့ ဖြည့်ထားပီးရင်လဲနောက်ပိုင်းမိမိရဲ့ bank information
ကို None အဖြစ်ပြန်ရွေးပေးလို့ရပါတယ်၊

Apple ID ဖွင့်ရာမှာAppleနဲ့ သဘောတူညီချက်တွေယူရပါသေးလား??
မဖြစ်မနေယူရပါတယ်
Apple ID အသုံးချပီးလူအများ အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်မှုမျိုးတွေ မလုပ်ပါဘူးစတဲ့ အသုံးပြုသူများလိုက်နာရမည့်
အချက်တွေ သဘောတူမှဘဲအသုံးပြုခွင့်ရှိပါတယ်..

After you've agreed to the terms and conditions, you'll need to enter an email address and password, and choose three security questions and provide answers to them. The email address you provide will be your new Apple ID. Enter your email address, and then tap Next.
You can also enter an optional rescue email address. We recommend providing a rescue email address.

သဘောတူညီပီးရင် email လိပ်စာဖြည့်ပေးရပါတယ်၊ တစ်ခုက Apple ID ဝင်သုံးဖို့ရာ email ဖြစ်ပီးနောက်တစ်ခုက
ကယ်ဆယ်ဖို့ရာပါ၊
တကယ်လို့ မူလ email ပျက်သွားရင် ဒါမှမဟုတ် security အမေးအဖြေတွေ မေ့နေခဲ့ရင် rescue email ကနေ ပြန်ဖေါ်ရပါလိမ့်မယ်၊ ဆိုင်ကနေလုပ်တဲ့ apple id အများစုမှာအဲဒီ rescue email address မှာသူတို့ email တွေပါဝင်လာတာအများစု ဖြစ်လို့ မိမိ Apple ID ရဲ့ လုံခြုံရေးကျဆင်းသလိုတခါတလေအဲဒီ security answer question တွေပါ ဆိုင်ကအဆင်ပြေသလို ဖြည့်ပေးလိုက်လို့ နောက်ပိုင်းitune gift card တွေသုံးရာမှာမူလအမေးအဖြေမသိလို့ ဆိုင်ပြန်ပြေးရနဲ့ အလုပ်ရှုပ်ပါတယ်၊ အလုပ်မရှုပ်တောင် မိမိ Apple ID password ကိုအခြားသူပြင်နိုင်ပီဆိုတော့ ရေရှည် သုံးရအဆင်မပြေပါဘူး

အိမ်လိပ်စာဘယ်ဟာပေးရမလဲ?
လောလောဆယ် Apple Store ရန်ကုန်အနေနဲ့ မရှိသေးလို့ ရန်ကုန်ကလိပ်စာပေးရင်မရပါဘူး

Postal code ကဘာလဲ??
စာပို့ စနစ်သုံးတည်နေရာပြဂဏန်းအစုအဝေးတစ်ခုပါ
ဥပမာအင်းစိန်မြို့ရဲ့  postal code ကို Google ကြည့်ရင် ၁၁၀၁၁ ဆိုပီးတွေ့ပါမယ်၊

ဒါပေမယ့် Apple Store မြန်မာမရှိသေးလို့
နိုင်ငံခြားကလိပ်စာတစ်ခုထည့်ပေးရပါမယ်၊
ထည့်ပေးတဲ့ လိပ်စာပေါ်လိုက်ပီးလဲ Apple Store နိုင်ငံအလိုက်ကွဲပြားမှာဖြစ်သလိုအသုံးပြုတဲ့ ငွေကြေးလဲတူညီမှာမဟုတ်ပါဘူး

လိပ်စာတစ်ခုမှာဘာတွေပါဝင်မလဲ?
အိမ်နံပါတ်/တိုက်နံပါတ်
အခန်းအလွှာဘယ်နှစ်ထပ်/ အခန်းနံပါတ်
လမ်းနာမည်
Postal code ဆိုလုံလောက်ပါတယ်

အိမ်လိပ်စာဘယ်လိုရှာရမလဲ?
Google ကိုအသုံးပြုပါ
ပြည်ပအိမ်ခန်းငှားအရောင်းအဝယ်ဆိုဒ်တွေမှာအိမ်လိပ်စာတွေ အများကြီးရှိပါတယ်၊

- usစတိုးအတွက်ဖွင့်ပီးပီဘာတွေသိဖို့လိုသေးလဲ?

တကယ်လို့ Apple Store ကနေ apps ဝယ်ဖို့ရာရှိတယ်ဆိုအခွန်မကောက်တဲ့ လျှော့ကောက်တဲ့ ပြည်နယ်ကလိပ်စာကိုအသုံးပြုရင် သက်သာပါမယ်၊ အခွန်ရှောင်တယ်ဆိုပီး custom ကလိုက်လာရင်တော့ ကိုယ့်ဘာကိုရှင်းပါလေ 😎🙈

ဖုန်းနံပါတ် ဘယ်လိုပေးရမလဲ ?

ဒါလဲသက်ဆိုင်ရာ နိုင်ငံကဖုန်းနံပါတ် စိတ်ကူးတည့်ရာတစ်ခုခုပေးရပါတယ်၊
ဥပမာစင်္ကာပူဖုန်းတွေဆိုဂဏန်း ၈ လုံးရှိတယ် အဲဒါတွေတော့ ကိုက်ညီရပါမယ်၊
Apple က လိုအပ်လို့ ဖုန်းခေါ်ရင်တော့ အဲဒီမဲပေါက်တဲ့သူအလုပ်ရှုပ်ပီးအခမသင့်ရင် ကိုယ့်ကိုကွိုင်ရှာနိုင်ပါတယ်၊
ဒါတော့ အလွန်တရာမှ ဖြစ်ခဲပါတယ်
စာရေးသူစိတ်ကူးရပီးရေးတာလဲဖြစ်ပါလိမ့်မယ် 😅
ကောင်းတာတော့ ပြည်ပကကိုယ့်အသိမိတ်ဆွေဖုန်းထည့်ပေးနိုင်ရင်တော့ ကောင်းမည်ထင်ပါကြောင်း...


No comments:

Post a Comment