Saturday, April 30, 2016

Create your own "Run Command"

Create your own "Run Command"
ခေါင်းစဉ်ကအတိုင်းပါပဲ ကိုယ်တိုင် Run Command လုပ်တဲ့နည်းပါ။ ဒါမယ့် ကိုယ်ပိုင်လုပ်ထားတဲ့ command က ကိုယ့် computer က လွဲလို့ တခြားကွန်ပြူတာမှာ ဖွင့်လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ firmware မဟုတ်လို့ပါ။ Firmware ဆိုတာ hardware ကိရိယာထဲ ထည့်သွင်းမြှုပ်နှံပါရှိတဲ့ ကွန်ပျူတာပရိုဂရမ်ကို ဆိုလိုတယ်။ ဥပမာ အားဖြင့် IE , Notepad, CMD ..etc.. စသည်ဖြင့်ပေါ့။ တနည်းအားဖြင့် ကိုယ်မထည့်ထားပဲ computer ထဲမှာ သူ့အလိုလို ရှိနေပြိးသား file/exe တွေကို ဆိုလိုတာပါ။

Step 1 -
- ကိုယ်ပိုင် Run command လုပ်မယ်ဆိုတော့ အရင်ဆုံး shortcut အရင်လုပ်ရပါမယ်။ ဆိုတော့ Desktop ပေါ်မှာ Right Click နှိပ်ပြီး Create Shortcut ကို နှိပ်ပါ။

Step 2 -
- ကိုယ် Run command မှာ ရေးလို့ ဖွင့်လာစေချင်တဲ့ ဖိုင်/software ကို ပေါ်လာတဲ့ shortcut file ကနေ browser ကို နှိပ်ပြီး ရွေးပေးပါ။ ပြီးရင် Okay နှိပ်လိုက်ပါ။

Step 3 -
- shortcut လုပ်တဲ့အပိုင်းတော့ ပြီးသွားပြီ။ ဆိုတော့ command လုပ်ဖို့ ကိုယ်လုပ်ထားတဲ့ shortcut file ကို C:/Windows မှာ သွားထားလိုက်ပါ။

Code: Computer -> C: -> Windows

Step 4 -
- ပြီးရင် Run box ထဲမှာ ကိုယ် shortcut ဖိုင်ရဲ့ အမည်ကို ရေးပြီး Okay နှိပ်ကြည့်ပါ။ ဖွင့်လာရင် ကိုယ်ပိုင် run command လေးလုပ်တာ အောင်မြင်သွားပြီ
Credit : DaiChinLay

No comments:

Post a Comment