From Facebook အင်္ဂလိပ်ဘာသာ လေ့လာစရာ
“အင်္ဂလိပ်စာ..အသံထွက် အမေးအဖြေများ(၇)”
========================
မေးခွန်း(၁၅)
--------------
အမေး။ ။Word stress နဲ့ Sentence stress ဆိုတာ ဘာကိုပြောတာလဲ ..ဆရာ။
အဖြေ။ ။Word stress ဆိုတာ စကားလုံးတစ်လုံးမှာ ရှိတဲ့ ဖိရွတ်သံ ကို ခေါ်တာပါ။ဥပမာ.artist ဆိုတဲ့ စကားလုံးမှာ ပထမ၀ဏ္ဏသံ (Syllable) .ဖြစ်တဲ့ ..ar (အား) အသံကို မြှင့်ပြီး ဖိရွတ်သံနဲ့ ဆိုရပါတယ်။ .ARTist.. ဆိုတဲ့အသံမျိုး ဖြစ်သွားပါတယ်။နောက်ပြီး forget ဆိုတဲ့ စကားလုံးမှာ ဒုတိယ ၀ဏ္ဏသံ GET ကို အသံမြှင့်ဆိုတော့ forGET ဆိုပြီး အသံထွက်ရ တာပေါ့။ဒီလို ..စကားလုံးတွေမှာရှိတဲ့ ဖိရွတ်သံကို Word Stress လို့ ခေါ် တာပါ။
Sentence Stress ကျတော့..၀ါကျတစ်ခုလုံးကို ခြုံပြီး..... အရေးကြီးတဲ့ စကားလုံးတွေကိုပဲ ရွေးပြီး ဖိရွတ်သံနဲ့ဆိုတာကို ခေါ်တာပါ။Stress-time တို့ Content word တို့ရဲ့ သဘောတရားအတိုင်းပါပဲ။ဝါကျရဲ့ အဓိပ္ပါယ်ကို အဓိက ဖော်ဆောင်တဲ့ စကားလုံး(Content word)တွေကို အချိန်အဓိက .ပေးပြီး ဖိရွတ်ဆို(Stress-timed)ရတဲ့ သဘောပါပဲ။ဒီလို ရွတ်ဆိုတာကိုပဲ မှန်ကန်တဲ့ စည်းချက်(Rhythm)လို့ ပြောရမှာ ဖြစ်ပါတယ်။ဥပမာ..Where did you go?ဆိုတဲ့ဝါကျမှာ where နဲ့ go ကပဲ အဓိက content words တွေ ပါ။သူတို့ကို Stress လုပ်ပြီး ဒီဝါကျကို ဖတ်ရမှာပါ။ဒီတော့ did you ကိုတော့. .“ဒဂျူ” လောက်နဲ့ ခပ်ပေါ့ပေါ့ ဆိုသွားရပါမယ်။ဒီလို ၀ါကျတစ်ခုရဲ့ အရေးကြီး တဲ့ စကားလုံးတွေကို ဖိရွတ်ဆိုတာကိုပဲ Sentence Stress လို့..ခေါ်တာပါ။ ဒီလောက်ဆို သဘောပေါက်လောက်ပါပြီ။ပိုရှင်းသွားအောင် ..အောက်က Video Link မှာ နားထောင်ကြည့်ပါ..လို့ တိုက်တွန်းချင်ပါတယ်။
မေးခွန်း(၁၆)
--------------
အမေး။ ။Intonation (လေယူလေသိမ်း၊အသံအတက်အကျ)အကြောင်း နဲနဲလောက် ရှင်းပြပါဦး..ဆရာ။
အဖြေ။ ။Intonation (လေယူလေသိမ်း၊အသံအတက်အကျ)ဆိုတာ.... အင်္ဂလိပ်စကားကို ပါးစပ်ကနေ ရွတ်ဖတ်၊ပြောဆိုကြတဲ့အခါ.. အသံအနိမ့်၊ အမြင့်၊အတက်၊ အကျမှန်ကန်စွာ ပြောဆိခြင်းကို ခေါ်တာပါ။ အသံအတက် အကျပုံစံ (Intonation patterns) (၅)မျိုးရှိပါတယ်။ အဲဒါတွေကတော့...
(၁)တစ်ချို့ဝါကျ .တွေက အဆုံးမှာ အသံတက်သွားတာရှိတယ်။ Rising Intonation လို့ ခေါ်ပြီး [↗] နဲ့ သင်္ကေတ ပြုကြတယ်။
(၂)တစ်ချို့က ကျသွားတာ ရှိတယ်။Falling Intonation လို့ ခေါ်ပြီး [↘]နဲ့ သင်္ကေတပြုတယ်။
(၃)တစ်ချို့က တက်ပြီးကျတာရှိတယ်။Peaking ဒါမှမဟုတ် Rise-fall Intonation လို့ ခေါ်ပြီး [↗↘]နဲ့ အမှတ်အသားပြုပါတယ်။
(၄)တစ်ချို့က ကျပြီးတက်တာရှိတယ်။Dipping ဒါမှမဟုတ် Fall-rise Intonation လို့ခေါ်ပြီး [↘↗]နဲ့ ဖော်ပြလေ့ရှိပါတယ်။
(၅)တစ်ချို့က အတက်အကျ မရှိဘူး။(Neither rise nor fall)
အခြေခံအချက်လေးတွေကို ပြောပြရရင်..
(၁) Yes/No နဲ့ ဖြေရတဲ့ မေးခွန်းတွေ (Am.Is.Are.Was.Were.Do. Did. Does .Has.Have.Will.Would.Can .Could...စတာတွေနဲ့ စတဲ့မေးခွန်း .တွေ)ကို အတက်သံနဲ့ မေးရပါတယ်။ဥပမာ..
Is that in Africa?မှာ Africa ကို တက်သံ [↗]နဲ့ ဆိုရပါမယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၂) Wh-, How တို့နဲ့ စတဲ့မေးခွန်းတွေကိုတော့..Falling Intonation ကျသံနဲ့ မေးရတာပါ။ဥပမာ ..Where were you born? ဘယ်မှာ မွေးလဲလို့ မေးရင် born ကို ကျသံ [↘] နဲ့ မေးရပါတယ်။
And what do you do?ဘာအလုပ် လုပ်ပါသလဲ။မှာလဲ do ကို ကျသံနဲ့ ဆိုရမှာ ဖြစ်ပါတယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၃)သေချာအောင် ပြန်မေးတဲ့ မေးခွန်း(Check Question)တွေမှာလဲ တက်သံနဲ့ ပြန်မေးရပါတယ်။။ဥပမာ..လူတစ်ယောက်က I'm a boxer. ကျွန်တော်က လက်ဝှေ့သမားပါ..လို့ ပြောရင် You're boxer? ရှင် လက်ဝှေ့ သမားလား...လို့ ပြန်မေးတဲ့အခါ boxer ကို တက်သံနဲ့ ပြန်မေးရပါတယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၄) ပြောပြီးသားစကားလုံးတစ်ခုကို ပြန်ညွှန်းပြောချင်တဲ့အခါ တက်သံ နဲ့ ပြောရပါတယ်။ဥပမာ ..တစ်ယောက်က Let's go tomorrow.မနက် သွားကြရအောင်။..လို့ပြောလို့..ကိုယ်က It's closed tomorrow.မနက် ပိတ်တယ်လေ..လို့ ပြန်ပြောရာမှာ ပထမလူပြောတဲ့ မနက်ကိုပဲ ညွှန်းတာမို့ Tomorrow ကိုတက်သံနဲ့ ပြောရပါတယ်။
{အောက်က လင့်မှာ နားထောင်ပါ။}
(၅) ရိုးရိုးဝါကျတစ်ကြောင်းကို ပြောဆိုရင် အဆုံးမှာ အသံချရပါတယ်။ ဥပမာ..We'll begin at four o' clock.ဟာ ရိုးရိုးဖော်ပြချက်ဝါကျ ဖြစ်လို့ clock မှာ အသံချ [↘] ပြောရပါတယ်။
(၆) အမိန့်ပေးစေခိုင်း ၀ါကျတွေကိုတော့ အသံအတက်အကျ မရှိပါ။
ဥပမာ..Let's go. Listen up! Go away! Come here! ..စသဖြင့်ပေါ့။
(၇) ပစ္စည်း၊အကြောင်းအရာစာရင်းတွေကို ပြောတဲ့အခါ..ရှေ့က ပစ္စည်း/ အကြောင်းအရာတွေကို တက်သံ..နောက်ဆုံးပစ္စည်း/အကြောင်းအရာ ကိုတော့...ကျသံနဲ့.[↗↘].ပြောရပါတယ်..။ဥပမာ..I can meet you on Monday,Tuesday ,or Friday.ဒီဝါကျမှာ..Monday,Tuesday တို့ကို တက်သံ..Friday ကိုတော့..ကျသံနဲ့ ပြောရမှာပါ။
(၈) Tag question တွေ( ,didn't you? ,aren't we? , will you? ..စသည်) တို့ကိုတော့..တက်သံ၊ကျသံ နှစ်မျိုး ရှိပါတယ်။
(a) တက်သံနှင့် မေးရင် အကြောင်းအရာ သိချင်လို့ မေးတာ။
့We're still going there, aren't we? ဒီမှာ aren't we? ကို တက်သံနဲ့ .မေးရင်.. သွားမှာလား၊မသွားဘူလား. သိချင်တာလောက် ပဲမေးတာ..။ တစ်ဖက်လူက Yes/No ပဲ..ဖြေပါလိမ့်မယ်။
(b) ကျသံနဲ့မေးရင်တော့ တစ်ဖက်လူရဲ့သဘောတူညီချက်ကို တောင်းတာ။ Leading Question သဘောမျိုးပေါ့။ဥပမာ..အထက်က ၀ါကျကိုပဲ့We're still going there, aren't we? ဒီမှာ aren't we?ကို တက်သံနဲ့မေးရင်.. သွားမှာ မဟုတ်လားကွာ..ဆိုတဲ့အဓိပ္ပါယ်နဲ့ သူတို့ရဲ့ “သွားမယ်”ဆိုတဲ့ သဘောတူညီချက်ကိုလိုချင်တာ။ ဒီတော့..အေး..သွားမှာပေါ့ Yes,we are လို့ ဖြေမှာပေါ့။ဒီအဖြေလိုချင်လို့ Tag question ကို အသံချမေးထားတာပါ။
ကဲ...ရှည်သွားပြီ။နောက်မှ လိုတာလေးတွေ ထပ်ဖြည့်ပြောတော့မယ်။

No comments:
Post a Comment