Saturday, November 2, 2013

“နေ့စဉ်သုံး..အင်္ဂလိပ်စကား(၅၀)”

Thank For Facebook Admin
From Facebook အင်္ဂလိပ်ဘာသာ လေ့လာစရာ



“နေ့စဉ်သုံး..အင်္ဂလိပ်စကား(၅၀)”
==================

ဒီနေ့တော့...နေ့စဉ်သုံး အင်္ဂလိပ်စကားတွေထဲက You can talk , Some hope နဲ့ Allow me .တို့ကို ရွေးကောက်ဖော်ပြ .ပေးလိုက်ပါတယ်။

(1) You can talk
----------------------
တစ်ချို့လူတွေက ကိုယ့်မျက်ချေး ကိုယ်မမြင်ကြပါဘူး။ကိုယ်ကဖြင့် အပြစ်မကင်းဘူး.သူများကိုတော့..ပြောချင်ကြတယ်။အဲဒီလူတွေကို “မင်းကများ..ပြောရတယ်ရှိသေး”လို့ စကားနာ ပြန်ထိုးကြပါတယ်။ အင်္ဂလိပ်လိုကတော့..You can talk လို့ ပြန်ပြောနိုင်ပါတယ်။

(a) Than Htike Kyaw is always late.
သန်းထိုက်ကျော် အမြဲနောက်ကျတယ်။
You can talk! You arrived at 11.30 today!
မင်းကများ..ပြောရတယ်ရှိသေး။မင်းက ၁၁ -ခွဲမှ ရောက်တာလေ။

(b) You're so lazy.
မင်းက တော်တော်ပျင်းတာပဲ။
You can talk! You never do any work at home.
မင်းကများ..ပြောရတယ်ရှိသေး။မင်းက အိမ်မှာ ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး။

(2) Some hope
--------------------
တစ်ခုခု ဖြစ်ဖို့ အလားအလာ အလွန်နည်းတဲ့အခါ..“မဖြစ်နိုင်တာပဲ” “မဖြစ် .နိုင်ပါဘူး”လို့ ပြောတတ်ကြတယ်။အင်္ဂလိပ်လိုတော့..Some hope ပေါ့။

(a) Do you think I can speak English perfectly in three months?
သုံးလအတွင်း ကျွန်တော် အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်လိမ့် .မယ် လို့ ခင်ဗျား ထင်လား။
Some hope! I've been learning for ten years and I still can't speak fluently.
မဖြစ်နိုင်တာပဲ..။ငါဆို လေ့လာနေတာ ၁၀-နှစ်ရှိပြီ။ ခုထိ သွက်သွက် လက် လက် မပြောနိုင်သေးဘူး။

(b) Do you think we'll win the match on Saturday?
စနေနေ့ပွဲမှာ တို့နိုင်မယ်ထင်လား။
Some hope! Our team is playing rubbish at the moment.
မဖြစ်နိုင်ပါဘူး။အခုတလော တို့အသင်းကစားတာ တော်တော်ချာနေတာပဲ။

(3) Allow me
-----------------
လူတစ်ယောက်ကို ကာယအားနဲ့ အကူအညီပေးချင်တဲ့အခါ..“ကျွန်တော်. .ကူညီမယ်”လို့ ပြောတတ်ကြပါတယ်။အင်္ဂလိပ်လို Allow me လို့ ပြောနိုင်ပါ တယ်။

(a) I can't open the door with all these bags I'm carrying.
ငါ..သယ်လာတဲ့ အိတ်တွေနဲ့မို့ တံခါး ဖွင့်မရဘူးကွာ။
Here, allow me. I'll open it for you.
ဒီမှာခင်ဗျ..ကျွန်တော်ကူပါရစေ။တံခါးဖွင့်ပေးမယ်လေ။

(b) I need a glass of water. Can I get one from somewhere here?
ရေတစ်ခွက်လောက် သောက်ချင်လိုပ ဒီမှာ ဘယ်နားက ရနိုင်မလဲ။
Allow me - I was going to the kitchen anyway.
ကျွန်တော်ကူညီမယ်။ဘာဖြစ်ဖြစ် မီးဖိုချောင်ထဲ ကျွန်တော်သွားလိုက်ပါမယ်။

3 comments: