From Facebook အင်္ဂလိပ်ဘာသာ လေ့လာစရာ
“ချူချူချာချာ...မှတ်စရာများ(၂)”
=================
* အင်္ဂလိပ်ဘာသာမှာ အဓိပါယ်ဖွင့်ဆိုချက်အများဆုံးရှိတဲ့ စကားလုံးကတော့ set ဖြစ်ပါတယ်။
* အင်္ဂလိပ်ဘာသာမှာ အက္ခရာတစ်လုံးမှ မထပ်ဘဲ စာလုံးပေါင်းရတဲ့ စကားလုံးကတော့ (၁၅)လုံးပါတဲ့ uncopyrightable ဖြစ်ပါတယ်။
* a,b,c,d,e ပါတဲ့ အတိုဆုံးဝေါဟာရ နှစ်ခုကတော့ boldface နဲ့ feedback ဖြစ်ပါသတဲ့။
* ကွန်ပြူတာကီးဘုတ်မှာ တစ်တန်းတည်းရိုက်ရတဲ့ အရှည်ဆုံးစကားလုံးကတော့ typewriter ဖြစ်ပါတယ်။ညာဘက်လက်နဲ့ ရိုက်ရတဲ့ အရှည်ဆုံးစကားလုံးကတော့ lollipop ဖြစ်ပါတယ်။ဘယ်လက်အတွက်တော့ stewardesses က အရှည်ဆုံးပါ။Skepticisms ကတော့ ဘယ်ညာ တစ်လှည့်စီရိုက်ရတဲ့ စကားလုံးတွေထဲမှာ အရှည်ဆုံး ဖြစ်ပါသတဲ့။
* အင်္ဂလိပ်စာမှာ အသုံးအများဆုံး စကားလုံးက '' the" ဖြစ်ပါသတဲ့။
* အင်္ဂလိပ်စာမှာ အသုံးအများဆုံးအက္ခရာက '' E "ဖြစ်ပြီး ၊အသုံးအနဲဆုံး အက္ခရာကတော့ '' Q " ဖြစ်ပါတယ်။
* -ceed နဲ့ ဆုံးတဲ့ စကားလုံးကတော့ (၃)မျိုးတည်း ရှိပါတယ်။ succeed,proceed , exceed တို့ပါ။
* ကမ္ဘာမှာ ဘာသာစကားပေါင်း ၂၇၀၀-ရှိပြီး ၊ဝေါဟာရ အများဆုံးရှိတဲ့ ဘာသာစကားကတော့ အင်္ဂလိပ်ဘာသာ ဖြစ်ပါသတဲ့။
* စကားလုံးတစ်လုံးတည်းကို ခြောက်ခါပြန်သုံးတဲ့ ဝေါဟာရ (၃)ခုကတော့..degenerescence (e-၆လုံး)၊ indivisibility (i-၆လုံး) ၊ nonannouncement (n-၆လုံး) ...တို့ဖြစ်ပါတယ်။
* "therein"ဆိုတဲ့စကားလုံးမှာ အက္ခရာစဉ်မပျက်ဘဲ the, there, he, in, rein, her, here, ere, therein, herein. ဆိုပြီး စကားလုံး(၁၀)လုံးပါဝင်နေတာ တွေ့ရပါတယ်။
* "screeched."ဆိုတဲ့ စကားလုံးဟာ အသံတစ်သံတည်းထွက်တဲ့ စကားလုံးတွေထဲမှာ အရှည်ဆုံးဖြစ်ပါသတဲ့။
* အင်္ဂလိပ်စာတွင် အီဒီယံပေါင်း တစ်သိန်းမျှရှိပြီး အင်္ဂလိပ်ဝေါဟာရများ၏ ၁၀% ခန့်မျှရှိပါသတဲ့။
* စာပွဲထိုးများကို ပေးလေ့ရှိသော tip (ဘောက်စူး၊အပိုဆုကြေး)..ဆိုသောစကားလုံးသည် To Insure Promptness(ချက်ချင်းဆောင်ရွက်ပေးမှုကို သေချာစေရန်)..ဆိုသောစကားစု၏ အတိုကောက် ဖြစ်ပါသတဲ့..ခင်ဗျား။ ။

No comments:
Post a Comment