Monday, September 1, 2014

System Shutdown ကျသွားနိုင်တဲ့အချက်အချို့

ကျွန်တော်တို့ ကွန်ပျူတာ Operation System တစ်ခု ရုတ်တရက်Shutdown ကျသွားတယ်ဆိုရင် အများစုကအထင်မျိုးမျိုးနှင့်ဆုံးဖြတ်တတ်ကြပါတယ်။ပုံမှန်အားဖြင့် Normal Decided တွေကတော့ CPU
Over heat, Electricity Un-stable, Bad Powersupply စသဖြင့်ဆုံးဖြတ်ပြီး အဖြေရှာကြပါတယ်။ အခုကျွန်တော်ပြောမှာလေးတွေကတော့ အချက်အလက်အချို့နဲ့ တစ်ခုချင်းစီပြောပြပါမယ်။
IRQ Conflict
IRQ ဆိုတာကတော့  Hardware သမားတိုင်းအလွယ်တကူသိနိုင်မှာပါ။Interrupt Request Channel ဆိုတာကတော့မိမိကွန်ပျူတာရဲ့Deviceတိုင်းမှာသက်ဆိုင်ရာPortChannel တွေရှိပါတယ်။ဆိုလိုတာကတော့
Keyboard ဆိုရင် သူ့ရဲ့ IRQ နံပါတ်က 1 ဖြစ်ပြီး ၊ Printer ဆိုရင် IRQ7 Mouse ဆိုရင် IRQ12 စသဖြင့် သက်ဆိုင်ရာ Channel နံပါတ်တွေနဲ့ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ မိမိကွန်ပျူတာထဲမှာ ဘယ် Devices ကဘယ်IRQ လည်းဆိုတာကိုသိနိုင်ဖို့အတွက်ကတော့ကျွန်တော်တို့ Run Boxထဲကနေပြီးတော့ “devmgmt.msc” ဆိုပြီး Device Manager ကိုရိုက်လိုက်ပါမယ်။ထို့နောက်တော့ View Tab ထဲကနေပြီးတော့လက်ရှိ Devices by typeဆိုတာကနေ Resourcesbytypeဆိုတာကိုပြောင်းလိုက်ပါမယ်။
 ထို့နောက်တော့ Interrupt request (IRQ) ဆိုတဲ့နေရာမှာနှိပ်လိုက်ပြီးမိမိ System မှာမည်သည့် Devices က ဘယ် Channel Port တွေနဲ့အလုပ်လုပ်နေသလည်းဆိုတာသိနိုင်ပါတယ်။ တစ်ခါတစ်လေ ထိုအထဲက Channel တွေတူညီနေတဲ့အခါမျိုးမှာလည်း System ကရုတ်တရက်Shutdown ကျသွားတတ်ပါတယ်။ ဘယ်လိုအနေအထားမှာ Conflict ဖြစ်တတ်သလည်းဆိုတော့ External Mouse, Kayboard, NIC စသည်တို့ ထပ်မံ Extend လုပ်ပြီးသုံးစွဲတဲ့အခါမျိုးမှာလည်း Conflict ဖြစ်တတ်
ပါတယ်။
Bad RAM
OMG! ဒါကတော့ အဓိကပြဿနာတွေထဲကတစ်ခုပါပဲ။ အများစုဖြစ်တတ်တဲ့ Blue Screen of Death ဖြစ်တတ်တာက ဒီပြဿနာများပါတယ်။ အကြောင်းမူကား ကျွန်တော်တို့ Random Access Memory မှာ တစ်ကယ်အလုပ်လုပ်တာက GHz နဲ့အလုပ်လုပ်ပါတယ်။ အဲဒီ GHz နဲ့အလုပ်လုပ်
တယ်ဆိုတာကလည်း  Seconds အရဆိုရင် Nano Second တွေနဲ့အလုပ်လုပ်တာပါ။ ဥပမာ- 70ns နဲ့ အလုပ်လုပ်နေတဲ့ Memory က သက်တမ်းကြာလာတာနဲ့အမျှ၊ သို့မဟုတ် RAM Slot နဲ့ RAM Stick တိုကအကြားDusty ဖြစ်လာတယ်ဆိုရင်လည်းns တွေကကျဆင်လာပြီးစက်ကိုရုတ်တရက်ရပ်တန့်သွားစေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ RAM copperPin တွေနဲ့ Band တွေကို သန့်စင်အောင်လုပ်ပြီး Replacement ပြန်
လုပ်ပေးရပါတယ်။ အကောင်းဆုံးသန့်စင်ပစ္စည်းကတော့ Eraser (ခဲဖျက်)သို့မဟုတ် A4 Paper Plain သန့်စင်သောစက္ကူစတို့ဖြင့် ကြေးပြားလေးတွေကိုပွတ်တိုက်ပေးရပါတယ်။ဒီနေရာမှာအရေးကြီးမှာစရာရှိတာကတော့
ကြေးပြားလေးတွေကိုပွတ်တိုက်တဲ့အချိန်မှာသတိထားရပါမယ်။ ဘာကြောင့်လည်းဆိုတော့ ၄င်းတို့က ကြာလာတာနဲ့အမျှ Processing များလာမှုကြောင့်Heat တက်ပြီးကြွတက်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားမှာသင်ဟာအသာအယာပွတ်တိုက်မှုမဟုတ်ပဲ၊ကြမ်းတမ်းစွာလုပ်ဆောင်မယ်ဆိုရင် ကြေးပြားလေးတွေကွာသွားပြီး သုံးမရအောင်ဖြစ်တတ်ပါတယ်။
Hard Disc Error
ရုတ်တရက်BOSO ဖြစ်တတ်တဲ့ ပြဿနာထဲမှာဒီအကောင်ကလည်းဒုတိယအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလည်းဆိုတော့ပထမအချက်က Casing ထဲမှာ ဖုန်မှုတ်များနေခြင်း၊ HDD Arm Crunk
ဖြစ်ထားခြင်း၊CableLoose ဖြစ်ခြင်းစသည်တို့ကြောင့်ဖြစ်ပါတယ်။HDDArmCrunkဘယ်အချိန်မှာဖြစ်တတ်သလည်းဆိုတော့ ကျွန်တော်တို့ပုံမှန် HDD မှာ သူ့ရဲ့ RPM က IDE တွေမှာဆို 5400 rpm ရှိပြီး SATAတွေမှာဆိုရင်တော့ 7200 rpm ရှိပါတယ်။ ဒီလိုမျိုး တစ်မိနစ်မှာလည်နေတဲ့ အပတ်အရည်အတွက် 5400 တို့ 7200 တို့က ရုတ်တရက် လျှပ်စစ်ဓာတ်ပြတ်တောက်သွားတဲ့အခါမှာ Platter နဲ့ Arm က ညိသွားတဲ့အခါ
မျိုးမှာ Bad Sector ဖြစ်သွားတတ်ပါတယ်။ ဆိုလိုတာကတော့ PhysicalError ပေါ့.. ဒီလို Bad Sector တွေများလာတဲ့အခါမျိုးမှာဘာတွေဖြစ်တတ်သလည်းဆိုတော့ Window Operation System က Run နေပေမယ့်လည်း Performance ကျတတ်ပါတယ်။ ဆိုလိုတာက Drive Letterတွေကိုဖွင့်ရင် ကြာနေတာမျိုးတွေ Data တွေကော်ပီကူးတဲ့အခါကြာတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါကြောင့် HDD ကိုလည်း Cable Connectionတွေကိုစစ်ဆေးရပါမယ်။ Cable တွေကောင်းသလား၊ Connector တွေ
ကောင်းသလားဆိုတာကိုစစ်ပြီး Replacement ပြန်လုပ်ပေးရပါမယ်။
 
OE Exceptions and VXD Errors
OE Exception and VXD Error ဆိုတာကတော့အဓိကကတော့Video Card Error ပဲဖြစ်ပါတယ်။ ဒီလိုအနေအထားမှာဖြစ်တယ်ဆိုရင်တော့ အများစုက VGA (Video Graphic Array) ကြွသွား
တာများပါတယ်။ဒါကလည်း သင်မြင်ရတဲ့ BOSO ရဲ့ Code မှာVGA ကိုရည်ညွန်းမှပါ။ Build In VGA ဆိုရင်တော့ PCI ExpressCard ကိုထည့်စိုက်ပြီးသုံးသင့်ပါတယ်။ Sprit Board ဆို၇င်လည်း
လက်ရှိ တပ်ထားတဲ့ VGA Card ကိုလည်းပြီးသုံးသင့်ပါတယ်။အချို့က ရှိပါတယ်။ MB (Mother Board) ပေါ်မှာလည် OnBoard VGA ပါပါတယ်။ ဒါပေမယ့် ထိုပါတဲ့ On Board ရဲ့ VGA
Size ကိုထပ်တိုးသုံးချင်တဲ့အတွက်ကြောင့် PCI Card တွေစိုက်ပြီးထပ်သုံးကြပါတယ်။ အထူးသဖြင့် Game ဆိုင်တွေပေါ့....ဒီအခါမှာအပေါ်မှာပြောတဲ့ IRQ Conflict ဖြစ်ခြင်းမျိုးတွေဖြစ်ပြီး System
Shutdown ဖြစ်တတ်ပါတယ်။ဒါတွေကတော့ အများစု သတိမထားမိတဲ့အချက်လေးတွေလည်းပါ
ပါတယ်။ Computer Service သမားလုပ်မယ်ဆိုရင်တော့ အတွေ့အကြုံများမှဖြစ်ပါတယ်။
 
လေးစားစွာဖြင့်
Credit  --  CristianoZarni@ဦးဇာနည် http://uzarnitech.blogspot.com/
 

No comments:

Post a Comment