Window ကို USB stick မှ Clone ရိုက်ပြီး တင်ချင်သူများ ဒါမှ မဟုတ် Hard Disk ကို command promt မှ format ချနည်းလေးပါ
ပထမဆုံး window 7 ခွေကို DVD drive ထဲသို့ ထည့်လိုက်ပါ
ပြီးလျင် BIOS setting ထဲတွင် boot setting ကို first boot device CD:ROM ကို ရွေးပြီး
အခွေနဲ့  boot တက်လိုက်ပါ
install window ဆိုတဲ့ Screen ကို ရောက်လျှင် Shift + F10 ကို နှိမ့်လိုက်ပါ
Command Promt တက်လာပါလိမ့်မယ်
Command Promt ထဲတွင် ပထမဆုံး >diskpart လို့ ရိုက်လိုက်ပါ
ပြီးလျှင် Diskpart mode ထဲ ရောက်သွားပါလိမ့်မယ်
ထို့ နောက် list disk လို့ ရိုက်လိုက်ပါ
>list disk ဆိုတဲ့ command ရိုက်လိုက်လျှင် မိမိ စက်ထဲတွင်ရှိတော့ Storage Device များရဲ့ 
list ကျလာပါလိမ့်မယ်
Disk 0 ဆိုတာကတော့ မိမိ စက်ရဲ့  internal Harddisk ပေါ့ နောက်ထပ်တွေ့ ရမယ်
Disk 1 ဆိုတာကတော့ မိမိ စက်တွင် ထပ်မံ ထည့်သွားထားတဲ့  USB Stick ဒါမှမဟုတ် External HD ပေါ့
ပြီးရင်တော့ မိမိ format ချချင်တဲ့  Disk ကို ရွေးပေးရပါမယ် ဥပမာ USB stick ဆိုပါတော့
command promt ထဲတွင် ထပ်မံ၍ >select disk 1 ဆိုတဲ့  command လေး ရိုက်ထည့်ရပါမယ်
Disk 1 is now the selected disk ဆိုပြီး ပေါ်လာပါလိမ့်မယ်
အဲဒါဆိုရင် မိမိ format ချချင်တဲ့  disk ကို ရွေးပြီးသွားပြီးသွားပါပြီ
ဆက်လက်ပီး >clean ဆိုတဲ့ command လေး ဆက်ရိုက်လိုက်ပါ
ထို့ နောက် >creat partition primary
>format fs=fat32 quick
fat32 ကတော့ USB stick တွေကို format ချတဲ့ file system လေးပါ
harddisk တွေကတော့ များသေားအားဖြင် ntfs ဆိုတဲ့ command လေးသုံးပြီး format ချနိုင်ပါတယ်
နောက်ဆုံးတွင် >active ဆိုနဲ့  command လေးနဲ့  အဆုံးသတ်ပေးလိုက်ပါ
အဲဒါဆိုရင် မိမိရဲ့  USB stick (or) Harddisk ကို format ချလို့ ပြီးသွားပါပြီး
အားလုံးကို ကျေးဇူးတင်ပါတယ်
No comments:
Post a Comment