Saturday, April 30, 2016

I phone ဖုန်းမပျောက်အောင် ဘယ်လိုကြိုကာကွယ်မလဲ?

ဖုန်းမပျောက်အောင် ဘယ်လိုကြိုကာကွယ်မလဲ??
Cellular data ဖွင့်ထားပါ
Settings >> Cellular >> Cellular data ( On )
( location service အလုပ်လုပ်ဖို့ရာ cellular connection ဒါမှမဟုတ် wifi connection တစ်ခုခုချိတ်ဆက်ထားဖို့ လိုပါလိမ့်မယ်၊
ဖုန်းဘီလ် မတက်ဖို့ရာအတွက်တော့
Background apps refresh
Fetch Mail စသည်တို့ကိုပိတ်ထားပေးပါ၊
Location Turn on (Settings>> Privacy >> Location services >>On)
-အရင်ကဘက်ထရီစားတတ်လို့ location ကိုပိတ်ခိုင်းဖို့ အကြံပြုခဲ့ပါတယ်
ဆိုတော့ location ကိုမပိတ်ပါနှင့် Find my iphoneကိုလဲ on ထားပေးပါ
(Settings >>>iCloud>> Find My iPhone >> On)
Health apps မှာပါဝင်တဲ့ Mediacal ID
ဖြည့်သွင်းထားပါ ဒါဆို
Lock screen emergency ကနေမိမိကို
ဆက်သွယ်လို့ရနိုင်တဲ့ ဖုန်းနံပါတ်ပါ အသိပေးပီးသားဖြစ်ပါလိမ့်မယ်

Send Last location
ကိုဖွင့်ပေးထားပါ ဖုန်းအားနည်းရင် နောက်ဆုံးရောက်ရှိနေရာကိုပို့ပေးမှာဖြစ်လို့ အထောက်အကူရကောင်းရပါလိမ့်မယ်
(Settings >>iCloud>> Find My iphone>> send last location (on)
-control center ကို Lock screen ကနေဆက်သွယ်ခွင့်ကိုပိတ်ထားပါ
Settings >> Control center >> Access on Lock screen ( OFF)
-Find My Friedsအသုံးပြုပီးမိမိစိတ်ချရတဲ့ မိတ်ဆွေကိုဖုန်းတည်နေရာအသိပေးထားပါ
ရုတ်တရက်ပျောက်သွားရင် ဖုန်းဘယ်ရောက်နေလဲသူငယ်ချင်းကိုလှမ်းကြည့်ခိုင်းလို့ရပါလိမ့်မယ်
ဖြစ်နိုင်ရင်
ဂျေးထားပါ
ဂျေးထားရင် ဖုန်း passcode မှားနှိပ်တဲ့သူကိုဓာတ်ပုံရိုက်ပီးပို့ပေးပါတယ်
ဖုန်းပါဝါပိတ်လို့မရအောင် လုပ်ထားပေးနိုင်ပါတယ်
ပီးဖုန်းဘယ်နေရာမှာရောက်ရှိကြောင်းပါလှမ်းသတင်းပို့ပါတယ်
ရဲစခန်းတန်းသွားလိုက်ရုံပါဘဲ
Anything else ..??

iTuneဒါမှမဟုတ် iCloudအသုံးပြုပီး backup ဘယ်လိုလုပ်မလဲ

iTuneဒါမှမဟုတ် iCloudအသုံးပြုပီး backup ဘယ်လိုလုပ်မလဲ??
တကယ်လို့ ကိုယ့်ဖုန်းမှာရှိတဲ့ အချက်အလက်တွေကို backup လုပ်ထားရင် ကိုယ်ရဲ့ သတင်းအချက်အလက်တွေကိုမိတ္တူ ပွါးပီးသားဖြစ်နေပါလိမ့်မယ်၊
ဒါကတစ်ချိန်ချိန် ဖုန်းပျောက်လို့ဖြစ်စေအစားထိုးခံရလို့ဖြစ်စေပျက်စီးသွားလို့ဖြစ်စေ
backup ကနေတစ်ဆင့် နောက်ဆုံးအသုံးပြုခဲ့တဲ့ ဖုန်းကနေအသစ်ကိုကိုယ်ရဲ့ သတင်းအချက်အလက်တွေ ပြန်လည်လွှဲပြောင်းအသုံးပြုနိုင်ပါလိမ့်မယ်၊
Backup လုပ်နည်းကိုရွေးချယ်ခြင်း
icloudနဲ့ itune backup လုပ်နည်းနှစ်မျိုးရှိပါတယ် တစ်မျိုးနဲ့တစ်မျိုး backup လုပ်တဲ့အခါ လုပ်တဲ့ data တွေကွဲပြားပါတယ်
ဘယ် backup လုပ်နည်းကကိုယ့်အတွက်သင့်တော်လဲလေ့လာရမှာဖြစ်သလိုကိုယ်တိုင် ဆုံးဖြတ်ရပါမယ်၊
စိတ်ချရအောင် နှစ်ခုစလုံးမှာလဲ backup လုပ်ထားပေးလို့ရပါတယ်၊
iCloud နှင့် backup လုပ်ခြင်း
1. iCloud နှင့် backup လုပ်ဖို့ရာ phone ကိုwifi network ဖြင့်ချိတ်ဆက်ပေးပါ
2. iOS 8 နှင့်နောက်ပိုင်းဆိုရင် Settings >iCloud> Backup ကိုရွေးပေးပါ
iOS 7 နှင့်အရှေ့ပိုင်းဆိုရင် Settings >iCloud> Storage & Backup ကိုရွေးပေးပါ
3.iCloud Backup ခုလုပ်လေးပွင့်နေပါစေ (အစိမ်းရောင်ပြနေပါစေ)
4. Back Up Nowကိုထိပေးပါ ပီးဆုံးသည်အထိwifiကိုချိတ်ထားပေးပါ
5. backupအောင်မြင်စွာပီးဆုံးကြောင်းစစ်ဆေးဖို့ရာ Settings >iCloud> Storage > Manage Storage မှာကိုယ်နောက်ဆုံးလုပ်ခဲ့တဲ့ အရွယ်အစားနေ့စွဲနဲ့ပြသနေပါလိမ့်မယ်၊
iCloud Backup ကိုအပေါ်ကအတိုင်းဖွင့်ပီးသွားခဲ့ရင် သူ့အလိုလိုနေ့စဉ် backup လုပ်ပါလိမ့်မယ်၊
iCloud က နေ့စဉ် phone ကိုအောက်ပါအခြေအနေတွေမှာမှ backup လုပ်ဆောင်မှာဖြစ်ပါတယ်၊
-ဖုန်းကအားသွင်းကြိုးချိတ် အားသွင်းထားစဉ်မှပါ
-ဖုန်းကwifi network ကိုချိတ်ဆက်ထားစဉ်မှပါ
-ဖုန်းရဲ့ screen lock ဖြစ်နေမှပါ

iOS 9 ကို ဘယ်လိုတင်မလဲ

iOS 9 ကိုဘယ်လိုတင်မလဲ..
iOSတင်တယ်ဆိုတာဘာပါလဲ?
Apple ကနေဖုန်းမှာပါရှိတဲ့ ဖုန်းအလုပ်လုပ်တဲ့ စနစ်ကို ပြုပြင်ဖာထေးအဆင့်မြှင့် စတာတွေလုပ်ပေးဖို့ရာလိုအပ်သောဖိုင်များထုတ်ပေးပါတယ်၊ အဲဒီဖိုင်များကိုမိမိဖုန်းမှာ ပြန်ထည့်ခြင်းကိုခေါ်ပါတယ်၊
iOSတင်ပီးဘယ်လိုနေမလဲနေ့စဉ် သုံးနေကြအတိုင်းသုံးလို့ရပါ့မလား
ပုံတွေ စာရွက်စာတမ်းတွေ ပျောက်သွားမှာလား??
မတင်ခင် မိမိမှာရှိပီးသားပုံတွေ စာရွက်စာတမ်းတွေမပျောက်ပျက်ဖို့ရာ
အိုင်ကျူး အသုံးပြုပီးသိမ်းထားပေးလို့ရပါတယ် ပီးအိုင်ကျူးနဲ့ဘဲအဆင့်မြှင့်ပီးသိမ်းထားတာလေးတွေ သူနဲ့ဘဲ ပြန်သွင်းနိုင်လို့ ဘာမှ အပျောက်အရှမရှိမတင်ခင်ကလိုအတိုင်းဘဲတင်ပီးရင် ဆက်သုံးသွားနိုင်တာမျိုးပါ၊
*******************************************
တခါတရံအိုင်ကျုး အမှားကြောင့် သိမ်းထားတာ ပြန်ထည့်မရတာမျိုးလဲ ဖြစ်တောင့်ဖြစ်ခဲ့ဖြစ်နိုင်လို့ အိုင်ကျူးနဲ့ သိမ်းတာအပြင် မိမိဘာသာကွန်ပြူတာထဲကိုလဲအခြားနည်းလမ်းများသုံးပီး (third party file manager တွေဖြစ်တဲ့ iToolsifunboxsynciosimazingစတာတွေ အသုံးပြုပီး) ဖုန်းထဲကပုံတွေ စာရွက်စာတမ်း contact စတာတွေ နောက်ထပ် ကွန်ပြူတာထဲထပ်မံသိမ်းဆည်းနိုင်ရင် ပိုစိတ်ချရပါတယ်)
**************************************************
တင်နည်း
မည်သည့် iOSကိုမဆိုတင်နည်း နှစ်မျိုးဘဲရှိပါတယ်..
*******************************************************************
ပထမနည်း..
OTA လို့ခေါ်တဲ့ over the air နည်းကဖုန်းပေါ်ကနေတိုက်ရိုက်ဒေါင်းပီးတင်ရတာမျိုးပါ
wifiချိတ်ထားဖို့လိုမှာဖြစ်ပီးကွန်နက်ရှင်ပေါ်မူတည်လို့ နာရီဝက်ကနေတစ်နာရီ နှစ်နာရီအထိအချိန်ယူပါလိမ့်မယ်..OTA တင်တာလဲအရမ်းလွယ်ကူပါတယ်
Settings >> General >> Software update ကနေတင်ရမယ့် OS update ကို Download and install ရွေးပေးရုံပါဘဲ..
(OTA တင်နည်းကနေနောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ battery မခံတာစတဲ့ ပုံမှန်မဟုတ်တဲ့ error တွေကြုံလာခဲ့ရင်လဲ( ဖြစ်ပွါးနိုင်ခြေ ၁၀၀၀၀ မှာတစ်ယောက်ကြုံရတာမျိုးပါ) ဖြစ်နိုင်ရင်တော့ အောက်ပါ ဒုတိယနည်းအတိုင်းသူ့မူရင်း firmware fiileတစ်ခုလုံးကိုဒေါင်းယူပီးiTuneနဲ့တင်ပေးလို့လဲရပါတယ်
****************************************************************
ဒုတိယနည်း..
( ဂျေးထားရင်တော့
-ထုံးစံအတိုင်းiOS 9 firmware file ဒေါင်းပီးituneနဲ့တင်ပေးရပါမယ်
- Cydiaimpactorဆိုတဲ့တွိလေးနဲ့ ဂျေးပြန်ဖြုတ်နိုင်လို့ သူနဲ့ ဂျေးပြန်ဖြုတ်ပီးမှ
iOS9 ပြန်တင်လဲရပါပီ)
iOS 9 firmware file ကိုဒေါင်းလုပ်ရပါမယ်၊ (cd ဆိုင်တွေကနေလဲဝယ်ယူနိုင်မှာပါ)
ios 9 firmware download ဆိုပီးgoogleလိုက်ရင်လဲဒေါင်းရမည့်လင့်တွေကျလာပါလိမ့်မယ်..
googleနည်းမသိသေးရင် အောက်ပါလင့်လေး ကြည့်ကြည့်ပေးပါ
http://lmgtfy.com/?q=ios+8.3+download
ကျလာတဲ့ လင့်ထဲကစိတ်ချရတဲ့လင့်တစ်ခုကိုအောက်ပါလင့်အနေနဲ့တွေ့ပါလိမ့်မယ်
ဝင်ရောက်ပီးသက်ဆိုင်ရာ firmware ကိုကွန်ပြူတာသို့ဒေါင်းယူပါ..
http://osxdaily.com/2015/04/08/ios-9-update-download-ipsw/
ဒေါင်းလို့ရလာတဲ့ firmware file ကိုမိမိရဲ့ Desktop ပေါ် copy ကူးထားရပါမယ်၊
Firmware တွေမမှားပါစေနဲ့ မိမိIdeviceနဲ့ကိုက်ညီရပါမယ်၊
(Firmware file က .ipswနဲ့ အဆုံးသတ်ပါတယ်)
-ITunes နောက်ဆုံး version တင်ထားပီးအင်တာနက်ချိတ်ထားပေးဖို့လိုပါမယ်၊
ဖုန်းထဲကdataတွေ backup လုပ်ပေးရပါမယ်၊နောက်ပိုင်တစ်ခုခုဖြစ်ခဲ့ရင် မိမိရဲ့dataတွေပြန်ရဖို့ရာပါ၊
(Itune, iCloudတို့နဲ့ backup လုပ်ယူနိုင်ပါတယ်၊
Backup ဆိုတာကမိမိ iPhone iPadတို့မှာရှိတဲ့ document, data, apps ဓါတ်ပုံစတာတွေကို iPhone ပြင်ပအခြားနေရာမှာသိမ်းယူခြင်းကိုဆိုလိုတာပါ၊ iTunes တို့ iCloudတို့ဖြင့် Sync လုပ်ခြင်းဟာ Backup လုပ်ခြင်းပါဘဲ
Backup လုပ်နည်းအဖွဲ့ရဲ့ pinned post မှာရှိပါတယ်)
-ဖုန်းကိုအားအပြည့်သွင်းထားရပါမယ်၊
-ဖုန်းကိုdfu mode ထဲဝင်ရပါမယ်၊
Dfu mode ဝင်ဖို့ရာအောက်ပါလင့်ကနေလေ့လာပေးပါ၊
http://www.iphonehacks.com/put-iphone-in-dfu-mode
http://www.igeeksblog.com/how-to-put-iphone-into-dfu-mode/

( usbနဲ့ ဖုန်းကိုချိတ်ထား
မချိတ်ထားလဲdfu mode ဝင်ပီးမှချိတ်လဲရပါတယ်၊
powerနဲ့ home button တူတူဖိထားပေးပါ ဖုန်းကသူ့အလိုလိုပိတ်သွားပါလိမ့်မယ်၊
ပိတ်သွားပီးတစက္ကန့် နှစ်စက္ကန့်လောက်နေရင် power button ကိုလွှတ်ပေးရပါမယ် home တော့ဆက်ဖိထားပေးပါ၊ iTunes က ideviceကို restore လုပ်ဖို့ရာသတိပေးတဲ့ box တက်လာပီဖုန်းစကရင်ကလဲပိတ်ထားတဲ့အတိုင်းမဲနေပီဆိုdfu mode ကိုရောက်နေပါပီ)
powerနဲ့ home button ဖိတာအချိန်အဆလေးဘဲလိုပါတယ် တခါမရရင် သုံးလေးခါကြိုးစားဝင်ပါ ရသွားပါလိမ့်မယ်၊
Dfu mode က ဖုန်းပိတ်ထားသလိုဘဲဘာမှမလင်းပါ)
Ituneဖွင့် ဖုန်းချိတ် keyboard က shift key ကိုဖိထားရင်းနဲ့မှ restore ဆိုတဲ့ button ပေါ် click ပေးပါ
File ရွေးရမယ့် box ပေါ်လာရင် စောစောပိုင်းက desktop ပေါ်ကူးထားတဲ့ firmware file ကိုရွေးပေးပါ
ကော်ဖီသောက်ရင်းထိုင်စောင့်ပါ (မကြိုက်လဲလဘ္ဘက်ရည်တို့ဘာတို့ပေါ့) ☕☕☕
ပြန်တက်လာခဲ့ရင် setup as new phone လုပ်မလား restore from backup လုပ်မလားမေးပါတယ် မတင်ခင်ကအတိုင်းပြန်သုံးချင်ရင် restore from backup ကိုရွေးပေးပါ
အသစ် အစကနေ ပြန်သုံးချင်ရင် setup as new phone ရွေးပေးပါ
Set up as new phone ရွေးထားလဲအိုင်ကျူးနဲ့ ဘက်ကပ်လုပ်ခဲ့ရင် အချိန်မရွေး ၎င်း backup ကိုပြန်ရဖို့ restore backup ကိုရွေးပေးရင်ရမှာပါ
(Restore အဓိပ္ပါယ်ကမူလအတိုင်းပြန်ထားသည်ပါ
Backup ဆိုတာကထပ်မံသိမ်းဆည်းထားသည်ပါ)
-ရပါပီ

http://everydaylife.globalpost.com/enter-dfu-mode-restore-2…

ios 8 ဘက်ထရီအသုံးခံဖို

ios 8 ဘက်ထရီအသုံးခံဖို့ရာအကြံပြုချက် ၁၅ ချက်ပါ..
ဖုန်းပူနေသူများလဲလုပ်ပေးနိုင်ပါတယ်၊
( data အစားနဲအောင်လဲအချို့အရာတွေ ပိတ်ပေးမှာဖြစ်လို့ ဒေတာအစားနဲလိုသူများလဲလုပ်ဆောင်နိုင်ပါတယ်)
(location service ကိုပိတ်လိုက်ရင်တော့ ဖုန်းပျောက်ရင် Find my iphoneနဲ့ရှာလို့မရနိုင်လို့ လိုအပ်မှ ပိတ်ပေးဖို့ သတိပေးပါရစေ)
================================
၁- ဝိုင်ဖိုင် အလိုအလျှောက်ရှာဖွေနေခြင်းကိုပိတ်ပေးပါ
လိုအပ်ပါမှပြန်ဖွင့်သုံးပါ..
Settings > Wi-Fi > Ask to Join Networks ကိုပိတ်ပေးရန်
၂- ဘယ် application တွေကသဘက်ထရီသုံးစွဲမှုများသလဲရှာဖွေစီစစ်၍ တကယ်တန်းမလိုအပ်သော apps များကို uninstall လုပ်ပေးပါ..
Settings > General > Usage > Battery Usage
၃-motion feature or Parallax ကိုပိတ်ပေးပါ အချို့သုံးစွဲသူများအတွက် ၎င်း feature က motion sick ဖြစ်စေသလိုဘက်ထရီကိုပိုမိုသုံးစွဲပါတယ်
Settings > General > Accessibility > Reduce Motion (ON) ပေးရပါမယ်
၎-application များနောက်ကွယ်မှာ update လုပ်နေခြင်းကိုပိတ်ပေးပါ
Settings > iTunes & App Store ရဲ့အောက်ခြေပိုင်းမှာရှိတဲ့ Updates ကို OFF ပေးရပါမယ်
၅-application များနောက်ကွယ်မှာအသစ်ပြန်လည်စတင်အလုပ်လုပ် နေခြင်းကိုပိတ်ထားပေးပါ..
Settings > General > Background App Refresh မှာကိုယ်အလုပ်လုပ်စေချင်တာကိုရွေးချယ်ပေးနိုင်ပါတယ်..
၆- တည်နေရာညွှန်ပြမှုအပိုင်းလုပ်ဆောင်မှုကိုပိတ်ပေးပါ
မြေပုံအစရှိတဲ့ apps တွေကဒီလုပ်ဆောင်မှုအပိုင်းရဲ့ အထောက်အပံ့ကိုမရှိမဖြစ်လိုအပ်သော်လည်းအခြား apps တွေက ၎င်းကိုအသုံးပြုခြင်းအားဖြင့် ဘက်ထရီအားကိုပိုမိုကုန်ခမ်းလွယ်စေပါတယ်..
Settings > Privacy > Location Services ကနေပိတ်ပေးနိုင်ပါတယ်
၇-4G LTE ကိုပိတ်ပေးပါ
4G နဲ့ အင်တာနက်သုံးစွဲရအလွန်လျင်မြန်သလိုဘက်ထရီသုံးစွဲမှုအရမ်းကြီးပါတယ်..သိပ်အရေးမကြီးရင် ပိတ်ထားပေးနိုင်ပါတယ်..
Settings > Cellular > Enable LTE.
၈- Disable Auto-Brightness & Dim Your Display
အလင်းအမှောင် အလိုအလျှောက်ချိန်ညှိမှုကိုပိတ်ပေးပါ
တတ်နိုင်သမျှ မှောင်မှောင်သုံးပါ..မျက်စိလဲမစူးတော့ဘူးပေါ့ smile emoticon
Settings > Display & Brightness
၉-မလိုအပ်တဲ့ အသိပေးမှုများကိုလျှော့ချပေးပါ..
facebookမှာတစ်ယောက်ယောက်ကကိုယ့်ကို mention တာတို့ Like လုပ်တာတို့ကကိုယ့်အတွက် လိုအပ်ကောင်းလိုအပ်ပေမယ့် အခြား apps တွေကလှမ်းသတိပေးနေတာတွေကတကယ်တန်းအရေးမကြီးရင်/ မလိုအပ်ရင် လှစ်လျှူရှုထားနိုင်ပါတယ်..
Settings > Notifications
၁၀-Airplane Mode ကိုအသုံးပြုပါ..
ဖုန်းအတွက် Online ဖြစ်နေဖို့ရာကမရှိမဖြစ်ပေမယ့် iPad iPod တို့မှာဒေါင်းလုပ်လုပ်ပီးသားရုပ်ရှင်ကြည့်နေတာတို့ စာဖတ်နေတာတို့ လုပ်တဲ့အချိန်တွေမှာOnline ဖြစ်နေဖို့မလိုအပ်ပါဘူး
Airplane mode ကို Setting မှာအလွယ်တကူတွေ့နိုင်သလို Control center ကနေတဆင့်အလွယ်တကူဝင်ရောက်နိုင်ပါတယ်..
Airplane mode အသုံးပြုလေ့ပြုထရှိတာများလာရင် ဘက်ထရီပိုမိုတာရှည်ခံတာသတိပြုမိပါလိမ့်မယ်..
၁၁-တည်နေရာပေါ်လိုက် အလုပ်လုပ်သောစနစ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်များမှ မလိုအပ်သောလုပ်ဆောင်ချက်များကိုပိတ်ပါ
Disable System Services For Location** ( Eလိုကပိုရှင်းတယ် ဘာသာပြန်တာပိုရှုပ်သွားတယ် smile emoticon
Settings > Privacy > Location Services > System Services ထဲက
Location-Based Alerts, Location-Based iAds, Spotlight Suggestions, Wi-Fi Networking and Frequent Locations တို့ကိုပိတ်ပေးပါလို့ဆိုပါတယ်..
အခြားလုပ်ဆောင်ချက်တွေလဲပိတ်နိုင်ပါတယ်.. အဲလိုပိတ်ရင်တော့ ဥပမာ Share My Location for Messages ကိုပိတ်ရင်
ကိုယ်ရောက်နေတဲ့ တည်နေရာကို message apps ကနေတော့ပို့ပေးလို့မရနိုင်ဘူးဖြစ်သွားပါလိမ့်မယ်
၁၂-အလိုအလျှောက် အချိန် update လုပ်နေခြင်းကိုပိတ်ပေးပါ
တည်နေရာအလိုက် ios က အချိန်ကို update လုပ်ပါတယ် ဒါကဘက်ထရီသုံးစွဲမှုပိုပါတယ်..
Settings > General > Date & Time က Set Automatically ကိုပိတ်ပေးပါ
၁၃-သွားပြာကို ပိတ်ပါ tongue emoticon
Control center ကိုဆွဲတင်ပီးသွားပြာကိုပိတ်ပေးရုံပါဘဲ ..
Disable Bluetooth file sharing..
၁၄-Handoff & Suggested Apps တွေကိုပိတ်ပေးပါ..
Settings > General > Handoff & Suggested Apps
မှာရှိတဲ့ ပိတ်လို့ရတာမှန်သမျှအကုန်ပိတ်ပေးပါ
၁၅-လေထဲ ပြုတ်ကျမှု ကိုပိတ်ပေးပါ tongue emoticon
Disable AirDrop
iOSအသုံးပြုသူတွေကြားမှာAirDropကအံ့ဩဖွယ်ရာပါဘဲ
သူနောက်ကွယ်မှာအလုပ်လုပ်နေရင်လဲဘက်ထရီစားပါတယ် Control center ကနေတဆင့် အလွယ်တကူပိတ်ပေးနိုင်ပါတယ်..

IOS 6 Jailbreak

 Redsn0w 0.9.15b1 ကတော့အရင် Jailbreak လုပ်တဲ့ပုံစံအဆင့်အတိုင်းiOS 6 ကိုလွယ်ကူစွာ Jailbreak လုပ်နိုင်ပါလိမ့်မယ်...
 Redsn0w 0.9.15b1 ဟာ iPhone 4, iPhone 3GS, iPad 1 နှင့်iPodTouch 4G တို့မှာသာiOS 6 ကို Jailbreak ပြုလုပ်ပေးနိုင်ပါလိမ့်မယ်...
>> Redsn0w 0.9.15b1 ( Mac , Windows )
သင့်iDeviceကို PC နှင့်ချိပ်ဆက်ထားပြီး DFU mode သို့ပြောင်းပါ။
DFU Mode ပြောင်းရန်
၁. iDeviceကို computer နဲ့ချိပ်ဆက်ပါ။
၂. iDeviceကို Power OFF ပါ။
၃. Power + Home button ကိုတွဲလျှက်၁၀စက္ကန့်နှိပ်ထားပါ။
၎. Power button ကိုလွှတ်လိုက်ပါ Home button ကိုတော့ PC မှအချက်ပေးသံထွက်လာသည်အထိဆက်လက်ဖိထားပါ( ၁၀စက္ကန့်မျှ)။ Black screen သာပေါ်နေပါမည်။
၅. အချိန်အနည်းငယ်အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။ (iTunes ကိုပိတ်ပစ်နိုင်ပါသည်)

Redsn0w 0.9.15b1 ကို Run လိုက်ပြီး "Jailbreak" button ကိုနှိပ်ပါ။

အဆင့်၃)
“Please select your options” တွင် "Cydia" ကိုရွေးပြီး "Next" နှိပ်ပါ။ Jailbreak လုပ်နေပါပြီအချိန်အားဖြင့်၅မိနစ်ခန့်ကြာပါလိမ့်မည်။

အဆင့်၎)
Jailbreak လုပ်ပြီးသွားသောအခါ Home screen ကိုပြန်လည်ရောက်သွားပါမည်။Cydiaကိုမြင်ရဦးမည်မဟုတ်သေးပါ။နောက်ထပ်တစ်ကြိမ် DFU Mode ပြန်ဝင်ပါဦး။

အဆင့်၅)
Redsn0w ၏ Main Page ကိုပြန်သွားပြီးယခုတစ်ခါ "Extras" ကိုနှိပ်ပြီး "Just boot" ကိုနှိပ်ပေးလိုက်ပါ။
Tether boot ပြန်လုပ်ပြီးသွားပါက Home screen ကိုပြန်ရောက်သွားပြီး "Cydia" ကိုလည်းတွေ့ရပါပြီ။
ဒါဆိုရင်တော့ iOS6 ကို Jailbreak လုပ်ခြင်းအောင်မြင်စွာပြီးဆုံးသွားပါပြီ....

iOS 6 အတွက်မြန်မာကီးဘုတ်

Cydia၏ Sources -> Edit -> Add -> http://cydia.macforus.com ကိုသွင်းပြီးမြန်မာကီးဘုတ်ရယူပါ။

iDeviceအကြောင်းသိသမျှ (၁)

iDeviceအကြောင်းသိသမျှ (၁)

iDevice
iPhone History
iPhone 1 (new iPhone) = အမြင့်ဆုံး version 4.2.1
iPhone 3G = အမြင့်ဆုံး version 4.2.1 (အနောက်ကစာမှိန်)
iPhone 3GS = အမြင့်ဆုံး version 6.1.3 (အနောက်ကစာလင်း)
iPhone 4G = အမြင့်ဆုံး version 6.1.3 (အပေါ်လိုင်း ၁ ဘေးလိုင်း ၁)
iPhone 4GS = အမြင့်ဆုံး version 6.1.3 (အပေါ်လိုင်းမပါ ဘေးလိုင်း ၂)
iPhone 5 = အမြင့်ဆုံး version 6.1.3

iPad History
iPad 1 = အမြင့်ဆုံး version 4.2.1
iPad 2 = အမြင့်ဆုံး version 6.1.3
iPad 3 ( new iPad ) = အမြင့်ဆုံး version 6.1.3
iPad mini = အမြင့်ဆုံး version 6.1.3

iPod Touch History
iPod Touch 1G = အမြင့်ဆုံး version 4.2.1 ( no camera )
iPod Touch 2G = အမြင့်ဆုံး version 4.2.1 ( no camera )
iPod Touch 3G = အမြင့်ဆုံး version 4.2.1 ( no camera) 8GB ပဲရှိ
iPod Touch 4G = အမြင့်ဆုံး version 6.1.3 ( camera ) 32 GB ထိရှိ
iPod Touch 5G = အမြင့်ဆုံး version 6.1.3

iDevice Firmware များအကြောင်းလေ့လာခြင်း
file type နောက်တွင် .ipswနဲ့ဆုံလျှင် iOS Firmware ။ File type ရဲ့ နောက်မှာရှိတဲ့ ရှေ့ဆုံးဂဏာန်း ၂ ခုကidevice Model နောက်ကဂဏာန်းတွေကidevice version

iPhoneFirmwares
Model
iPhone 1 (new iPhone) = 1 , 1
iPhone 3G = 1 , 2
iPhone 3GS = 2 , 1
iPhone 4G = 3 , 1
iPhone 4GS = 4 , 1
iPhone 5 = 5 , 1

iPod Touch Firmware
Model
iPod Touch 1G ` = 1 , 1
iPod Touch 2G = 2 , 1
iPod Touch 3G = 3 , 1
iPod Touch 4G = 4 , 1
iPod Touch 5G = 5 , 1
iPad Firmware
Model
iPad 1 (Wifi Only) = 1 , 1
iPad 2 (Wifi Only) = 2 , 1
iPad 2 (Wifi, 3G, GSM) = 2 , 2
iPad 2 (Wifi, 3G, CDMA) = 2 , 3
iPad 2 (Wifi, revA) = 2 , 4
iPad 3 (Wifi Only) = 3 , 1
iPad 3 (Wifi,callular,CDMA) = 3 , 2
iPad 3 (Wifi,callular,GSM) = 3 , 3
iPad mini (Wifi Only) = 2 , 5
iPad mini (Wifi,callular,GSM)= 2 , 6
iPad mini(Wifi,callular,CDMA)= 2 , 7